ဖေဖော်ဝါရီ -၁၆၊၂၀၂၆၊ People’s Spring
မန္တလေးမြို့မှာ စစ်ကောင်စီတပ်လက်ဝေခံ ပြည်သူ့စစ်ခေါ် ပျုစောထီးတွေထဲမှာနာမည်ဆိုးနဲ့ကျော်ကြားသူပျုစောထီးခေါင်းဆောင်စံရှားကိုစစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ရဲအသိုင်းအဝိုင်းက နေသိရပါတယ်။
မြေယာအမှုနဲ့ တိုင်ကြားခံရတာဖြစ်ပြီးစစ်ကောင်စီတပ်ကတိုက်ရိုက်ဖမ်းဆီးကာ မန္တလေးနန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စစ်ဆေးနေတယ်လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
ပျုစောထီးခေါင်းဆောင်စံရှားဟာ အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူ သဃ်န်းဝတ် ပေါက်ကိုယ်တော်အားထားရတဲ့တပည့်အရင်းတစ်ဦးပါ။ပျူစောထီးတွေကို အာဏာသိမ်းစစ်တပ်ကမွေးထားတာဖြစ်ပြီး ပျူတွေဟာရာဇဝတ်မှုမျိုးစုံကျူးလွန်တဲ့ လူမိုက်တွေအများစုပါဝင်တာဖြစ်ပြီး တခါတရံ စစ်တပ်က အခုလို သူတို့လူကို သူတို့ပြန်ဖမ်းတက်တယ်လို့ ပျူအချို့ကပြောပါတယ်။

Public Service Announcement
ပေါက်ကိုယ်တော်ကိုယ်တိုင်ကလည်းစံရှားမရှိတော့တာကြောင့်သူရဲ့လက် အောက်ခံ ပျုစောထီးအဖွဲ့ဝင်တွေအနေနဲ့ အားမငယ်ကြဖို့နဲ့အရင်ကထက် ထောက်ပံ့ပေးသွားမယ်ဆိုတာပြောဆိုထားတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာ ထွက်ပေါ်နေပါတယ်။ မကောင်းတာတွေလုပ်ထားတာများတာမို့
စံရှားမရှိတော့တာကြောင့် မကျေနပ်နဲ့ကျန်ပျူစောထီးတွေက လာလုပ်မှာကိုစိုးရိမ်နေပြီး စံရှားတပည့်တွေကို ပြန်ချော့နေရတယ်လို့ ပျူအချို့ကပြောပါတယ်။
မန္တလေး ၊ပြည်ကြီးတံခွန်မြို့နယ်ရဲ့ ပျုစောထီးခေါင်းဆောင် စံရှားအဖွဲ့ ဟာလူမှုကူညီရေးအသင်းတစ်ခုလည်းထောင်ထားပါသေးတယ်။
ဒါအပြင် လူငယ် တွေကိုစစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ ၊မြေယာတွေကို သိမ်းယူပြီးခြံခတ်တာ၊ကျုးကျော်ဆိုပြီးနေအိမ်ဖျက်တဲ့အချိန်မှာ လုံခြုံ ရေးယူပေးတာတွေကို လုပ်ကိုင်နေသူဖြစ်တယ်လို့ မြို့ခံအချို့ကလည်း ပြောထားပါတယ်။
နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စံရှားကိုအာဏာသိမ်း စစ်ခေါင်းဆောင်က စွမ်းရည်နဲ့ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ပြုဆု အဖြစ် ၂၀၂၄ခုနှစ်က ပေးထားပါတယ်။


















































