Connect with us

Hi, what are you looking for?

News

ရှုံးနိမ့်မှုများကြုံနေသည့် စစ်ကောင်စီက လူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုများပိုလုပ်လာရဟု NUG ဝန်ကြီး ချုပ်ပြော

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ယနေ့ ကျင်းပရာ၌ လတ်တလော စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် မီးမောင်းထိုး ပြောကြားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ ရှုံးနိမ့်မှုများကြောင့် အမျိုးမျိုးဖိနှိပ် ရက်စက်အကြမ်းဖက်သည့် အနေအထားမျိုးများ ပိုမိုတွေ့လာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ယနေ့ ကျင်းပရာ၌ လတ်တလော စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် မီးမောင်းထိုး ပြောကြားခြင်းဖြစ်သည်။

နိုင်ငံရေးနယ်ပယ်မှ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂ၌ နေရာဆက်လက်ရှိနေခြင်းသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ အရှိုက်ကို ထိုးသွင်းနိုင်သကဲ့သို့ NUG အစိုးရအဖွဲ့အတွက် လည်းများစွာဝမ်းမြောက်ဂုဏ်ယူစရာ အခြေအနေဖြစ်ကြောင်းဝန်ကြီးချုပ်က ဆိုသည်။

စစ်ကောင်စီအနေဖြင့်လည်း ဆန္ဒပြလူငယ်များအား နောက်မှ ကားဖြင့်ဝင်တိုက်ခြင်း၊ မီးရှို့သတ်ဖြတ် ခြင်းများ လုပ်ဆောင်ခဲ့ရာ ယင်းဖြစ်ရပ်များသည် ရင်နာစရာများဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာသော အပြုအမူများဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

အစည်းအဝေးသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးတို့ တက်ရောက်ခဲ့ရာ မြေပြင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားမှုအခြေအနေ၊ နယ်မြေဆိုင်ရာအုပ်ချုပ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။