Connect with us

Hi, what are you looking for?

LuduNwayOo

News

ရှုံးနိမ့်မှုများကြုံနေသည့် စစ်ကောင်စီက လူထုအပေါ်ဖိနှိပ်အကြမ်းဖက်မှုများပိုလုပ်လာရဟု NUG ဝန်ကြီး ချုပ်ပြော

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ယနေ့ ကျင်းပရာ၌ လတ်တလော စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် မီးမောင်းထိုး ပြောကြားခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ ရှုံးနိမ့်မှုများကြောင့် အမျိုးမျိုးဖိနှိပ် ရက်စက်အကြမ်းဖက်သည့် အနေအထားမျိုးများ ပိုမိုတွေ့လာရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ယနေ့ ကျင်းပရာ၌ လတ်တလော စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် မီးမောင်းထိုး ပြောကြားခြင်းဖြစ်သည်။

နိုင်ငံရေးနယ်ပယ်မှ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂ၌ နေရာဆက်လက်ရှိနေခြင်းသည် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ အရှိုက်ကို ထိုးသွင်းနိုင်သကဲ့သို့ NUG အစိုးရအဖွဲ့အတွက် လည်းများစွာဝမ်းမြောက်ဂုဏ်ယူစရာ အခြေအနေဖြစ်ကြောင်းဝန်ကြီးချုပ်က ဆိုသည်။

စစ်ကောင်စီအနေဖြင့်လည်း ဆန္ဒပြလူငယ်များအား နောက်မှ ကားဖြင့်ဝင်တိုက်ခြင်း၊ မီးရှို့သတ်ဖြတ် ခြင်းများ လုပ်ဆောင်ခဲ့ရာ ယင်းဖြစ်ရပ်များသည် ရင်နာစရာများဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာသော အပြုအမူများဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

အစည်းအဝေးသို့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ ဒုတိယပြည်ထောင်စုဝန်ကြီး ခူးထဲဘူးတို့ တက်ရောက်ခဲ့ရာ မြေပြင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းထားမှုအခြေအနေ၊ နယ်မြေဆိုင်ရာအုပ်ချုပ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။