Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်နည်းပညာတက္ကသိုလ်တိုက်ပွဲ စာသင်ခန်းအတွင်းပုန်းနေတဲ့ စစ်သားတွေက အသက်ရှင်ခွင့်ပေးဖို့ ငိုယိုတောင်းဆိုကောင်းမွန်စွာ လက်နက်ချသူတွေကို တော်လှန်ရေးရဲဘော်တွေ နွေးထွေးစွာကြိုဆို

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်စဉ် စာသင်ခန်းအတွင်း ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအသက်ရှင်ခွင့်ပေးဖို့ တော်လှန်ရေးရဲဘော်တွေထံ ငိုယိုတောင်းဆိုတဲ့ ရုပ်သံကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ ဒူရကစစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ−၁၈၊၂၀၂၆။ထားမြတ်/People’sSpring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးရဲဘော်တွေက ဝင်ရောက်တိုက်ခိုက်စဉ် စာသင်ခန်းအတွင်း ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကအသက်ရှင်ခွင့်ပေးဖို့ တော်လှန်ရေးရဲဘော်တွေထံ ငိုယိုတောင်းဆိုတဲ့ ရုပ်သံကို စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့တဲ့ ဒူရကစစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၆ရက်မှာ မောင်မယ်ရှောင်ကျေးရွာက GTC တပ်စခန်းလို့ အများခေါ်တဲ့ တက္ကသိုလ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်တို့ကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)ရဲ့ ဒူရကစစ်ကြောင်းနဲ့ ထားဝယ်-ပကဖ DGRF တို ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်သေဆုံးထိခိုက်များပြားကာ ရဲနဲ့စစ်သား၁၁ဦး အရှင်ဖမ်းမိတာ၊လက်နက် ၁၈လက် သိမ်းရတာ ရှိခဲ့ပါတယ်။

စခန်းသိမ်းတိုက်ပွဲ ရုပ်သံမှာ စာသင်ခန်းအတွင်းရှိ မှန်ဗီဒိုထဲဝင်ပုန်းနေတဲ့တပ်သားက တော်လှန်ရေး ရဲဘော်တွေက ဖမ်းမိတာ၊ အခြားစာသင်ခန်းတွေထဲကို လိုက်လံ ရှင်းလင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့ နှိုးဆော်တာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

“ကျနော့်ကို မသတ်ပါနဲ့နော်အကို။ မသတ်ပါနဲ့ ညီလေးကြောက်လို့ပါ၊ကျနော် အလင်းဝင်ဆို အလင်းဝင်ပါမယ်” လို့ မှန်ဗီဒိုထဲ ဝင်ပုန်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ပြောရာ တော်လှန်ရေးရဲဘော်က မသတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

“ငါတို့ကအရင်ကတည်းကအရှင်မိတာအများကြီးပဲ။ဒီဟာလီကွေ့မှာလည်း ငါတို့အရှင်မိတယ်။ငါတို့မသတ်ဘူး။” လို့လည်း တော်လှန်ရေးရဲဘော်က ပြောဆိုတာ ကြားရပါတယ်။

လက်နက်ချရင် ထိခိုက်သေဆုံးမှု မဖြစ်ဘူးလို့လည်း အသိပေးပါတယ်။ ဒါ့အပြင် တိုက်ပွဲမှာသေဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရဲ့အလောင်းကိုလည်း ရုပ်သံမှာတွေ့ရပါတယ်။

အဲဒီနောက် ကျောင်းခန်းအတွင်းကစာသင်ခုံတွေကြားပုန်းနေတဲ့ အခြားတဦးကလည်းငိုယိုပြီးကြောက်ရွံ့ကြောင်းပြောဆိုတာကိုလည်း တွေ့ရပါတယ်။

အခြားအခန်းကိုဆက်လက်ရှင်းလင်းရာ တော်လှန်ရေးရဲဘော်က လက်နက်ချဖို့ပြောဆိုတာကို ကောင်းမွန်စွာလက်ခံလို့ တော်လှန်ရေးရဲဘော်တွေက နွေးနွေးထွေးထွေး ကြိုဆိုတာကိုလည်း တွေ့ရပါတယ်။

လက်မြောက်ပြီးလက်နက်ချလာတဲ့ ရဲတစ်ဦးကို တော်လှန်ရေးရဲဘော်ကလက်ဆွဲနှုတ်ဆက်တာ အခြားတဦးကိုပွေ့ဖွက်တာကိုတွေ့ရပါတယ်။

“အိုခေ လေးစားတယ် အဲဒီလိုဖြစ်ရမယ်။ကြိုက်တယ်ကွာ။ရှိသေးလားခေါ်လိုက်ခေါ်လိုက် အဲဒီလိုဖြစ်ရမယ်” လို့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

ထို့နောက်တော်လှန်ရေးရဲဘော်တွေဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေကကျန်နေတဲ့ သူတို့တပ်ဖွဲ့ဝင်တွေလက်နက်ချဖို့နှိုးဆော်တာကိုလည်းကြားရပါတယ်။

“အောင်နိုင်သူ၊ ပြည့်စုံ ငါတို့ဒီမှာ ဟေ့ရောင်။” လို့ စစ်သုံ့ပန်းတွေက သူတို့ လူတွေကို အော်ခေါ်သလို တော်လှန်ရေး ရဲဘော်တွေကလည်း “လက်နက်ချအကိုကြီး ငါတို့တက်လာရင်မလွယ်ဘူးချေမှုန်းမှာနော်အကုန်လုံးကို။ကျနော်တို့မတက်လာခင်အကိုတို့အမြန်ဆင်းလာပါ” လို့ ပြောဆိုပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချဖို့ နှိုးဆော်တာကို တွေ့ရပါတယ်။

မောင်မယ်ရှောင်ရွာတိုက်ပွဲအတွင်းမှာ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၂၀ကျော်သေဆုံးတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

အပြန်အလှန် ပစ်ခတ်မှု ၄နာရီ ကြာမြင့်ခဲ့ပြီး GTC တပ်စခန်းအား ယာယီသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးပါတယ်။ ဘုရားမဲစစ်ဆေးရေးဂိတ် ရလုနီးဆဲမှာ စစ်ကောင်စီတပ်စစ်ကူ ရောက်လာလို့ ပြန်လည်ဆုတ်ခွာခဲ့ကောင်း ဖော်ပြပါတယ်။စစ်ကောင်စီတပ် စခန်း ၂ခု တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲဝင် ၁၉ဦး သေဆုံးခဲ့ပြီး စစ်ကူတက်လာသော စစ်ကြောင်းမှ ထားဝယ်မြိုလုံခြုံရေးကို ဦးဆောင်သော ဗိုလ်မှူးအေးလွင် အပါအဝင် ၅ ဦးထပ်မံ သေဆုံးခဲ့ကြောင်း ဒူရက စစ်ကြောင်းက ထုတ်ပြန်ပါတယ်။

တော်လှန်ရေးနဲ့စစ်ရေးအရှိန် မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက်၊ ရပ်တည် လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲဝင်များ ပြည်သူ့ရင်ခွင်ခုံလှုံ အမြန်ဆုံးပူးပေါင်း ပေးကြဖို့လည်း ဒူရက စစ်ကြောင်းက တိုက်တွန်းထားပါတယ်။

ရုပ်သံ − ဒူရကစစ်ကြောင်း

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပျူစောထီးရွာမှာ တော်လှန်ရေး ရဲဘော် ၂ ဦးအပါအဝင် ၉ ဦးကို စစ်တပ်က နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း မကွေးတိုင်းပကဖက ထုတ်ပြန်ပါတယ်။

Facebook