Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်ဆီ F-35 တိုက်လေယာဉ်တွေ တိုးမြှင့်ဝယ်ယူမယ်ဆိုတဲ့ သတင်းကို ဂျာမနီ ငြင်းဆို

ဥရောပ တိုက်လေယာဉ် စီမံကိန်းကို စွန့်ခွာပြီး အမေရိကန်ဆီက F-35 တိုက်လေယာဉ် အသစ်တွေ တိုးမြှင့် မှာယူမယ်ဆိုတဲ့ သတင်းတွေကို ဂျာမနီက ငြင်းဆိုခဲ့ပါတယ်။

ဥရောပ တိုက်လေယာဉ် စီမံကိန်းကို စွန့်ခွာပြီး အမေရိကန်ဆီက F-35 တိုက်လေယာဉ် အသစ်တွေ တိုးမြှင့် မှာယူမယ်ဆိုတဲ့ သတင်းတွေကို ဂျာမနီက ငြင်းဆိုခဲ့ပါတယ်။

ဂျာမနီဟာ ပြင်သစ်နဲ့ ပူးပေါင်းပြီး ဥရောပမူပိုင် မျိုးဆက်သစ် တိုက်လေယာဉ်တွေ ထုတ်လုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒါပေမဲ့ FCASလို့ အတိုကောက် ခေါ်ဝေါ်တဲ့ အဲဒီ စီမံကိန်းဟာ တိုးတက်မှုတွေ ရပ်ဆိုင်းနေပြီး ပျက်ပြယ်မယ့် အခြေအနေမျိုး ကြုံနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က FCAS စီမံကိန်းကို ပြန်လည် အရှိန်မြှင့်ဖို့ ဂျာမနီကို တိုက်တွန်းခဲ့ပေမယ့် နှစ်နိုင်ငံရဲ့ ကာကွယ်ရေး နည်းပညာ ကုမ္ပဏီတွေကြား တာဝန်ခွဲဝေမှု၊ ရင်းနှီးမြှုပ်နှံမှု၊ မူပိုင်ခွင့်ကိစ္စ အငြင်းပွားနေတာတွေကြောင့် ရှေ့ဆက်မတိုးနိုင်ဘဲ ဖြစ်နေပါတယ်။

အခုသီတင်းပတ်ထဲမှာတော့ Reuters သတင်းဌာနက ဂျာမနီဟာ FCAS စီမံကိန်းကို လုံးဝ လက်လျှော့လိုက်တဲ့ အဓိပ္ပါယ်အဖြစ် အမေရိကန် ကုမ္ပဏီ Lockheed Martinက ထုတ်လုပ်တဲ့ ပဉ္စမမျိုးဆက် အဆင့်မြင့် F-35 တိုက်လေယာဉ်တွေ တိုးမြှင့် ဝယ်ယူဖို့ စီစဉ်နေပြီလို့ ဖော်ပြလာပါတယ်။

Public Service Announcement

Public Service Announcement

ဂျာမနီဟာ F-35 စုစုပေါင်း ၃၅ စီးကို ၂၀၂၂ ခုနှစ်မှာ မှာယူထားပြီး နောက်ထပ် ၃၅ စီးလောက် အသစ်ထပ်မံ ဝယ်ယူဖို့ ပြင်ဆင်နေကြောင်း Reutersက ဆိုပါတယ်။

ဒါပေမဲ့ ဂျာမနီ ကာကွယ်ရေး ဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ F-35တွေကို မူလမှာယူထားတဲ့ အရေအတွက်ထက် ပိုတိုးပြီး ဝယ်ဖို့ တိကျခိုင်မာတဲ့ အစီအစဉ် မရှိသေးကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းမှုတွေကို ဝန်ကြီးဌာနက ဖြေကြားရာမှာတော့ အဲဒီလို လက်နက်ဝယ်ယူရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာ လွှတ်တော်မှာ မဲခွဲအတည်ပြုမှု အဆင့်တွေကို ဖြတ်သန်းဖို့ လိုအပ်ကြောင်းလည်း ဖော်ပြထားပါတယ်။ တကယ်လို့ အနာဂတ်မှာရော F-35တွေ တိုးမြှင့်ဝယ်ယူဖို့ စဉ်းစားထားသလားဆိုတဲ့ မေးခွန်းကိုတော့ ဝန်ကြီးဌာနက တိတိကျကျ ပြန်မဖြေခဲ့ပါဘူး။

ပြင်သစ်နဲ့ ဂျာမနီတို့ဟာ အမေရိကန် စစ်လက်နက်တွေအပေါ် ဥရောပက အလွန်အကျွံ မှီခိုနေရတာကို လျှော့ချဖို့အတွက် FCAS စီမံကိန်းကို အကောင်အထည် ဖော်ခဲ့ပေမယ့် ရှေ့ဆက်ဖို့ ခက်နေတာ ဖြစ်ပါတယ်။

ဂျာမနီ အနေနဲ့ နောက်ထပ် အမေရိကန် စစ်လက်နက်တွေ အများအပြား ဝယ်ယူခြင်းဟာ မူလ စိုးရိမ်မှုဖြစ်တဲ့ အမေရိကန်အပေါ် ကာကွယ်ရေး ကဏ္ဍမှာ အကြီးအကျယ် မှီခိုထားရတဲ့ အခြေအနေဆီ ပြန်လည် ဦးတည်သွားစေနိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဂျာမနီဟာ တခြား ဥရောပ မိတ်ဖက်တွေနည်းတူ ကာကွယ်ရေး စွမ်းရည်ကို မြှင့်တင် တည်ဆောက်ဖို့ လိုနေပါတယ်။

FCASဟာ ဆဋ္ဌမမျိုးဆက် တိုက်လေယာဉ်သစ်တွေ တည်ဆောက်နိုင်ရေး ရည်ရွယ်ထားတာဖြစ်ပြီး ဂျာမနီနဲ့ ပြင်သစ်တို့နဲ့အတူ စပိန်ကပါ ပူးပေါင်းခဲ့ပါတယ်။ သတင်းတွေအရ ဂျာမနီနဲ့ စပိန်တို့ဟာ အီတလီ၊ ဂျပန်နဲ့ ဗြိတိန်တို့ ပူးပေါင်း အကောင်အထည် ဖော်နေတဲ့ တခြား ခေတ်ရှေ့ပြေး တိုက်လေယာဉ် စီမံကိန်းဖြစ်တဲ့ GCAPဆီ ကူးပြောင်းပါဝင်ဖို့ စဉ်းစားနေကြောင်းလည်း သိရပါတယ်။

ကိုးကား: Guru Focus
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

လွန်ခဲ့တဲ့ ၂၅ နှစ်က ကြုံတွေ့ခဲ့တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှုကြီးရဲ့ နှစ်ပတ်လည် အောက်မေ့မှု အခမ်းအနားမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အဲဒီ ဆိုးရွားလှတဲ့ ကိစ္စကြီးကို အမေရိကန်က ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

သိမ်းဆည်းရမိတဲ့ အမေရိကန် မောင်းသူမဲ့ ရေငုပ်သင်္ဘော (ဒရုန်း)ကို အီရန်က နည်းပညာပိုင်း ခွဲခြမ်းလေ့လာပြီး ကိုယ်တိုင်တုပ တည်ဆောက်တာမျိုး လုပ်လာနိုင်ကြောင်း သိရပါတယ်။

Facebook