Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့နယ် ၃ခုမှာ မီးလောင်၊ လူ ၂ဦးသေဆုံး

ရန်ကုန်မြို့ရဲ့ မြို့နယ်သုံးခုမှာ ဒီနေ့ (ဖေဖော်ဝါရီ၂၂) နံနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၂ဦး သေဆုံးခဲ့ပါတယ်။

(တောင်ဒဂုံမြို့နယ်က ဘုန်းကြီးကျောင်းမီးလောင်နေတာကို မီးငြှိမ်းသတ်နေစဉ်။ ဓာတ်ပုံ - MFSD)

ဖေဖော်ဝါရီ-၂၂၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့ရဲ့ မြို့နယ်သုံးခုမှာ ဒီနေ့ (ဖေဖော်ဝါရီ၂၂) နံနက်ပိုင်းက မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၂ဦး သေဆုံးခဲ့ပါတယ်။

လူနှစ်ဦးသေဆုံးမှုဖြစ်ခဲ့တဲ့ မီးလောင်မှုကတော့ သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်(၁၀) လမ်းက တိုက်ခန်းမီးလောင်မှုမှာဖြစ်ပြီး မီးစလောင်တဲ့ အိမ်က အမျိုးသားတစ်ဦးနဲ့ အပေါ်ထပ်မှာ‌နေတဲ့ အမျိုးသားတစ်ဦး မီးခိုးမွှန်သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

” သင်္ဃန်းကျွန်းမြို့နယ်၊အပိုင်း(၂)၊ တိုက်ခန်းမီးလောင်မှုတွင် အပေါ်ထပ်နေ မီးခိုးမွန်၍ စံပြဆေးရုံသို့ပို့ဆောင်စဥ် (ကျား)နှစ်ဦးသေဆုံးမှုဖြစ်ကြောင်းသိရ။” လို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ့မီးလောင်မှုနဲ့ ပတ်သက်ပြီး မီးသတ်တပ်ဖွဲ့ကတော့ နံနက် ၅နာရီခွဲမှာ မီးစတင်လောင်ခဲ့ပြီး ၁၂ မိနစ်အကြာမှာ မီးငြှိမ်းနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် လူသေဆုံးမှုရှိတယ်ဆိုတာ မီး‌သတ်က ဖော်ပြမထားပါဘူး။

“မီးမတော်တဆမှုတွေများလာချိန်မှာ..ကိုယ်နဲ့အနီးစပ်ဆုံး မီးလောင်မှုနှင့်ကြုံတွေ့ရပါက မီးခိုးမွန်မှုကြောင့် အသက်မဆုံးရှုံးရလေအောင် အဝတ်စ ကိုရေစိမ်ပါ ရေစိုနေသောအဝတ်စကို နှခေါင်းစည်းပြီးမှ ထွက်ပေါက်ကိုအမြန်ရှာပါ မီးခိုးမွန်ရင် မည်မျှအားကောင်းသူဖြစ်နေပါစေ စက္ကန့်ပိုင်းအတွင်း အောက်စီဂျင်ပြတ်လပ်၍ မူးမေ့လဲကျကာ အသက်ဆုံးရှုံးနိုင်ပါသည်။” လို့ လူမှုကူညီရေးအသင်းသားတစ်ဦးက အကြံပြုထားပါတယ်။

ဒီနေ့နံနက် ၁နာရီကျော်မှာ လှည်းကူးမြို့နယ်နဲ့ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တွေမှာလည်း မီးလောင်မှုတွေဖြစ်ခဲ့ပါတယ်။

လှည်းကူးမြို့နယ်မှာတော့ နေအိမ်မီးလောင်တာဖြစ်ပြီး ၁၀မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ကသတင်းထုတ်ပြန်ထားပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ဘုန်းကြီးကျောင်းမှာမီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး အဲဒီ့မီးလောင်မှုကိုလည်း ၁၀မိနစ်ခန့် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ပွင့်လင်းရာသီကိုရောက်လာတာနဲ့ မီးလောင်မှုဖြစ်ပွားတဲ့အရေအတွက် များပြားလာတာကြောင့် ပြည်သူတွေအနေနဲ့ မီးဘေးအန္တရာယ် ဂရုစိုက်ကြဖို့ အချင်းချင်းသတိပေးထားကြပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က မီးလောင်မှုကို ၁၃ နာရီခန့်ကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

ဒါ့အပြင် မရမ်းကုန်းမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၅ ရက်က စတိုးဆိုင်မီးလောင်မှုဖြစ်ခဲ့ပြီး အသက် (၆၀)ကျော်အရွယ် အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ကနေအိမ်တစ်လုံးမှာဒီနေ့ (ဇွန်လ၁၉ ရက်) နေ့ခင်းပိုင်းကမီးလောင်မှုဖြစ်ရာကလေးနှစ်ဦးသေဆုံးသွားပြီးသက်ကြီးပိုင်းအမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြ၀တီမီးသတ်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ၊ဒေလီမြို့တော်ကဟိုတယ်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားရာ အဆောက်အအုံတစ်လုံးမှာ မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီရဲ့ယာဥ်ထိန်းရဲကင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။