Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ကို တိုက်ဖို့ ထိပ်တန်း စစ်ဗိုလ်ချုပ်က မထောက်ခံခဲ့ကြောင်း သတင်းတွေကို ထရမ့်ပယ်ချ

အီရန်ကို စစ်တိုက်မယ့် ကိစ္စကို သူ့ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးက မထောက်ခံခဲ့ကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချသွားခဲ့ပါတယ်။

အီရန်ကို စစ်တိုက်မယ့် ကိစ္စကို သူ့ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးက မထောက်ခံခဲ့ကြောင်း သတင်းတွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပယ်ချသွားခဲ့ပါတယ်။

အမေရိကန်ရဲ့ ပူးပေါင်းစစ်ဆင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒန်ကိန်းက အီရန်ကို စစ်ရေးအရ တိုက်ခိုက်မှုမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေ ရှိလာနိုင်ကြောင်း သတိပေးခဲ့ပြီး အဲဒီလို တိုက်ခိုက်မှုမျိုးကို မထောက်ခံဘူးလို့ ထရမ့်ကို ပြောခဲ့ကြောင်း အစောပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ကိန်းက ထောက်ပြခဲ့တဲ့ ဖြစ်နိုင်ခြေ ဆိုးကျိုးတွေထဲမှာ ပဋိပက္ခက မျှော်လင့်ထားတာထက် ရှည်ကြာသွားတာ၊ အမေရိကန်ဖက် အကျအဆုံး များနိုင်တာတွေ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာတော့ ထရမ့်က လူမှုကွန်ရက်ကနေတဆင့် အဲဒီ သတင်းတွေကို ငြင်းဆိုသွားခဲ့တာ ဖြစ်ပါတယ်။ သူက အမေရိကန်သာ အီရန်နဲ့ စစ်ဖြစ်ရင် အလွယ်တကူ အနိုင်ရမယ်လို့ ကိန်းက ယုံကြည်ထားတယ်လို့လည်း အခိုင်အမာ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်က အီရန်ကို နျူကလီးယား ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ် အမြန်ဆုံး ရရှိနိုင်အောင် ဆွေးနွေး ညှိနှိုင်းဖို့ ဖိအားပေးနေပြီး မအောင်မြင်ရင်တော့ အမေရိကန်ရဲ့ စစ်ရေးအရ အရေးယူမှုတွေ ရှိလာနိုင်ကြောင်း ခြိမ်းခြောက်ထားပါတယ်။

အီရန် စစ်ပွဲနဲ့ ပတ်သက်ပြီး ကြုံလာနိုင်တဲ့ စိုးရိမ်စရာ ကိစ္စတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အစည်းအဝေး တစ်ခုမှာ ကိန်းက ထရမ့်ကို သတိပေးခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက စတင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ခဲယမ်းလက်နက်တွေ ခေါင်းပါးနေတာ၊ ဒေသတွင်းက အမေရိကန် မဟာမိတ်တွေရဲ့ ပူးပေါင်းကူညီလိုမှု မရှိတာတွေက အီရန်ရဲ့ လက်တုံ့ပြန်မှုတွေကို ကိုင်တွယ်ရာမှာ ခက်ခဲပြီး အမေရိကန်ကို အကျပ်ရိုက်သွားစေနိုင်ကြောင်း ကိန်းက ထောက်ပြခဲ့တယ်လို့ ဆိုပါတယ်။

လေကြောင်း ကာကွယ်ရေး ဒုံးကျည်တွေလိုမျိုး ခဲယမ်းမီးကျောက်တွေဟာ ယူကရိန်းနဲ့ အစ္စရေးတို့ကို အများအပြား ထောက်ပံ့ပေးပို့ထားရတဲ့အတွက် အမေရိကန်ရဲ့ လက်နက်တိုက်ထဲမှာ လျော့ပါးနေတယ်လို့လည်း ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။

စစ်ဆင်ရေးရဲ့ ရှုပ်ထွေးနိုင်မှုတွေနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေ သေကြေပြုန်းတီးနိုင်ခြေတွေဟာလည်း ကိန်းစိုးရိမ်တဲ့ အကြောင်းအချက်တွေထဲမှာ ပါဝင်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်က ဆိုပါတယ်။

ထရမ့်ကတော့ ဒီသတင်းအမှားကို မီဒီယာဌာန အတုတွေက ရေးသားဖြန့်ဝေတာလို့ တုံ့ပြန်ခဲ့ပြီး ကိန်းဟာ အီရန်မှာ စစ်မတိုက်ပါနဲ့လို့ လုံးဝ မပြောခဲ့ကြောင်း၊ ကိန်းဟာ အနိုင်ရဖို့ တစ်ခုတည်းကိုပဲ တွေးတဲ့သူဖြစ်ကြောင်း၊ သူ့ကို တာဝန်ပေးရင် ကိန်းဟာ စစ်ဆင်ရေး တစ်ခုလုံးကို ပိုင်ပိုင်နိုင်နိုင် ကွပ်ကဲသွားမှာဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်မှာ တုံ့ပြန်ထားခဲ့ပါတယ်။

ထရမ့်ဟာ အီရန်ကို စစ်ရေးအရ တိုက်ခိုက်နိုင်ခြေ ရှိတယ်လို့ အကြိမ်ကြိမ် အရိပ်အမြွက် ခြိမ်းခြောက်ခဲ့ပေမယ့် ကျိန်းသေပေါက် ဆုံးဖြတ်ထားပြီလို့လည်း မပြောပါဘူး။ အီရန်မှာတော့ ရုတ်တရက် ကြုံလာနိုင်တဲ့ စစ်ပွဲအတွက် စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပြီး အီရန် အစိုးရကလည်း ရန်စကျူးကျော် ခံရရင် အစွမ်းကုန် တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန်ကလည်း အီရန်နိုင်ငံ ပတ်ပတ်လည်မှာ စစ်အင်အားတွေ အလုံးအရင်း တိုးမြှင့် ဖြန့်ကျက်နေပြီး နှစ်ဖက် စစ်ရေး အခြေအနေတွေ တင်းမာနေပါတယ်။

ကိုးကား: Al Jazeera
ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒီဇယ်တင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ကန့်သတ် ပိတ်ပင်သွားမှာ မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ကမ်းလွန် ရေပြင်မှာ ဖြန့်ကျက်ဖို့ တတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို အမေရိကန်က စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ လူဝင်မှု ကြီးကြပ်ရေး အရာရှိတွေရဲ့ ပစ်သတ်မှုကြောင့် သေဆုံးခဲ့တဲ့ အမေရိကန် အမျိုးသမီးရဲ့ မိသားစုဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေး နိုင်ငံသား အများစု လိုက်ပါလာတဲ့ ခရီးသည်တင် လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်ခဲ့တဲ့ ဖြစ်ရပ် နောက်ကွယ်မှာ ပါဝင်ပတ်သက်မှု ရှိနေမယ်ဆိုရင် အီရန်အပေါ် အပြင်းအထန် ထိုးနှက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Trending

Facebook