Connect with us

Hi, what are you looking for?

News

မန္တ​လေးတွင် ရပ်ကွက်အုပ်ချုပ်​​ရေးမှူးရုံး တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးဖြင့်တိုက်ခိုက်၊ သုံးဦးသေတစ်ဦးဒဏ်ရာရ

“အစောကြီးကတည်းက စစ်သား၊ ရဲ​တွေတွေရှိတဲ့နေရာ မသွားကြဖို့ PDF တွေက အသိပေးပြီးသားပါ။ အဲတော့ ပြည်သူထိခိုက်တယ်ဆိုလို့ စိတ်မကောင်းမဖြစ်ကြဖို့ PDF တွေကို ပြောလိုပါတယ်”ဟု ဒေသခံတစ်ဦးက မှတ်ချက်ပေး သည်။

People's Spring
People's Spring

မန္တလေးမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား ဗုံးဖြင့်တိုက် ခိုက်ခဲ့ကြောင်း မြို့ပြပြောက် ကျားတပ် Mandalay Phoenix Force – MPF က ယနေ့(ဒီဇင်ဘာ ၉) ထုတ်ပြန်သည်။

အောင်မြေသာစံမြို့နယ် (၈၂) လမ်း၊(၁၆)လမ်းနှင့် (၁၇) လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ်တစ်ဦးအပါ အဝင်သုံးဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဗုံးပေါက်ကွဲမှုဖြစ်ပွားချိန် စစ်ကောင်စီတပ်ရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး သွားလာမိသော အရပ်သားပြည်သူနှစ်ဦးလည်း ဗုံစမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အစောကြီးကတည်းက စစ်သား၊ ရဲ​တွေတွေရှိတဲ့နေရာ မသွားကြဖို့ PDF တွေက အသိပေးပြီးသားပါ။ အဲတော့ ပြည်သူထိခိုက်တယ်ဆိုလို့ စိတ်မကောင်းမဖြစ်ကြဖို့ PDF တွေကို ပြောလိုပါတယ်”ဟု ဒေသခံတစ်ဦးက မှတ်ချက်ပေး သည်။

Public Service Announcement

Public Service Announcement

ဗုံး​​ဖြင့် တိုက်ခိုက်မှု​ကြောင့် စစ်ကောင်စီတပ်မှ သုံးဦး​သေဆုံးရာပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ အတိအကျမသိရှိရသေးဟု MPF က ဆိုသည်။

ယမန်နေ့(ဒီဇင်ဘာ ၈)ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၈)အထက်တန်းကျောင်းခွဲ အပြင်ဘက် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နန်းရှေ့ အမှတ် (၁)ရဲစခန်းစသည့် နေရာနှစ်ခုတွင် ဖောက်ခွဲတိုက်ခိုက်ခံရမှုများ ရှိခဲ့သည်။

အထက်ပါတိုက်မှုကို Mandalay Phoenix Force – MPF နှင့် Mandalay People Rescue – MPR တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook