Connect with us

Hi, what are you looking for?

သတင်း

ပုလဲမှာတိုက်ပွဲပြင်းထန်၊ စစ်တပ်ကလေကြောင်းသုံးပစ်ကူ​ပေး

ပုလဲမြို့နယ်မှာPDF နဲ့ ပကဖပူးပေါင်းတပ်တွေက အာဏာသိမ်းစစ်တပ်စစ်ကြောင်း​တွေကိုကြားဖြတ်တိုက်ခိုက်တာကြောင့် မြေပြင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကဂျက်ဖိုက်တာနဲ့ရောပါရာမော်တာနဲ့ပါ ဗုံးကြဲခဲ့ပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း(၁)က PDF ​တွေကို​စစ်သင်တနးဆင်းပွဲတခုမှာတွေ့ရစဥ်။ ဓါတ်ပုံ-ယင်းမာပင် ခရိုင်တပ်ရင်း-၁

မတ်-၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ပုလဲမြို့နယ်မှာPDF နဲ့ ပကဖပူးပေါင်းတပ်တွေက အာဏာသိမ်းစစ်တပ်စစ်ကြောင်း​တွေကိုကြားဖြတ်တိုက်ခိုက်တာကြောင့် မြေပြင်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်တပ်ကဂျက်ဖိုက်တာနဲ့ရောပါရာမော်တာနဲ့ပါ ဗုံးကြဲခဲ့ပါတယ်။

BNRA ခေါင်း​ဆောင်ဗိုလ်နဂါး စစ်တပ်နဲ့ပေါင်းသွားပြီး စစ်​ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ​တော်လှန်​ရေးတပ်​တွေ ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲဟာ ဖေဖော်ဝါရီလ၂၈ရက် နေ့လယ်ပိုင်းမှာစတင်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ကမွန်းလွဲပိုင်းနဲ့ ညနေပိုင်းမှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးကြဲခဲ့ပြီး ညပိုင်းမှာ ပါရာမော်တာနဲ့ဗုံးကြဲခဲ့တယ်လို့ သတင်းရရှိပါတယ်။

Public Service Announcement

Public Service Announcement

“အရင်ရက်ကတိုက်ပွဲမဖြစ်ဝာာကတိုက်ပွဲမ‌ဖော်သေးတာလို့ပဲပြောရမယ်။မနေ့ကတော့ စချတယ်။ ပိတ်ဆို့ တိုက်တာမို့ စစ်တပ်က လေကြောင်းကနေ လာပစ်ကူ‌တဲ့အထိ ပြင်းထန်ပါတယ်”လို့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

စစ်တပ်စစ်ကြောင်းကလေကြောင်းပစ်ကူယူပြီး ပြန်ဆုတ်ခွာသွားကြောင်း နဲ့ တိုက်ပွဲသတင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသက မကြာခင် ထုတ်ပြန်ဖို့ ရှိတယ်လို့သိရပါတယ်။

ဗိုလ်နဂါးနဲ့ BNRA အဖွဲ့ကိုအမှု ၇ မှုနဲ့ အမှုဖွင့်ပြီးအမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၊ပြည်ထဲ​ရေးနဲ့လူဝင်မှုကြီးကြပ်​ရေးဝန်ကြီးဌာနကအမှုဖွင့်ပြီး ​ဖေ​ဖော်ဝါရီ ၁၇ ရက်မှာ PDF တပ်ရင်းနဲ့ ပကဖ ​တပ်ဖွဲ့​တွေကBNRAစခန်းတွေကိုစီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ ဗိုလ်နဂါးနဲ့တပ်ဖွဲ့ဝင်အချို့က ဖေဖော်ဝါရီလ၁၈ရက်နေ့မှာ စစ်တပ်နဲ့ပူးပေါင်းသွားပါတယ်။

ဗိုလ်နဂါး စစ်တပ်နဲ့​ပေါင်းပြီးဖေဖော်ဝါရီလ၁၉ရက်နေ့ကစပြီးစစ်တပ်က ပုလဲမြို့နယ်ထဲကို အင်အားတွေပို့ဆောင်ခဲ့ပါတယ်။ဖေဖော်ဝါရီလ၂၁ရက်နေ့ကစပြီး စစ်ကောင်စီက ပုလဲမြို့အနီးက ရွာတွေကို စစ်ကြောင်း‌ ၂ကြောင်းခွဲပြီး ဝင်နေတာပါ။

ကန်ပေါက်ရွာ၊ ကျွန်းဘိုကုန်းရွာ၊ ကြောင်သန်းရွာ၊ ဆင်ရှင်ရွာ၊အင်ကြင်းစုရွာ၊ကိုင်းတောရွာ၊ချင်ပြစ်ရွာတွေကို စစ်တပ်ကစစ်​ကြောင်းထိုးဝင်မွှေခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဒေသခံတွေကိုစည်းရုံးရေးလုပ်လာသလို PDF တွေနဲ့ ပတ်သက်တဲ့အိမ်တွေကို မီးရှို့တာ၊ ဒေသခံအချို့ကို ဖမ်းဆီးပြီးလူသားဒိုင်းလုပ်စစ်ကြောင်းထိုးတာတွေ လုပ်နေတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်စစ်​ကြောင်းတွေက ဗိုလ်နဂါးနဲ့ လက်နက်ချ BNRA တပ်ဖွဲ့ဝင်တွေက ပေးလိုက်တဲ့ တော်လှန်ရေးရဲဘော်တွေ၊မိသားစုဝင်တွေရဲ့တည်နေရာနဲ့ အချက်အလက်တွေအတိုင်း စစ်ကြောင်းထိုး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗိုလ်နဂါးအပြင် BNRA အဖွဲ့က စစ်ရေးတာဝန်ခံ ဘဏ္ဍာရေးတာဝန်ခံနဲ့အဖွဲ့ဝင်အချို့လည်း စစ်ကောင်စီနဲ့ပူး​ပေါင်းသွားတာဖြစ်ပါတယ်။

ပုလဲမြို့နယ်ထဲမှာမတ်လ ၁ ရက်မနက်ပိုင်းမှာလည်း စစ်ရေးဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။ပုလဲမြို့နယ်ထဲကိုစစ်တပ်စစ်ကြောင်းဝင်နေတာက ဒီနေအထိဆိုရင် ၉ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။ စစ်တပ်စစ်ကြောင်းထိုးတာနဲ့ ​ဒေသတွင်းစစ်ရေးအခြေအနေကို အဒေသခံတွေက စောင့်ကြည့်နေပြီး ကျေးရွာ ၁၂ ရွာခန့်ကပြည်သူ​တွေဟာ ယာယီစစ်ရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။