Connect with us

Hi, what are you looking for?

သတင်း

ဖောင်းပြင်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ စစ်တပ်က တပ်ကြပ်တစ်ဦး လက်နက်ယူပြီး အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ စစ်တပ်က တပ်ကြပ်တစ်ဦး လက်နက်ယူပြီး အလင်းဝင်လာတယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

လက်နက်ယူလာပြီး အလင်းဝင်လာတဲ့ တပ်ကြပ်။ ဓာတ်ပုံ − မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်း

မတ် -၂၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အနီးကပ်စစ်ဆိုင်ထားတဲ့ စစ်တပ်က တပ်ကြပ်တစ်ဦး လက်နက်ယူပြီး အလင်းဝင်လာတယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက် ဖေဖော်ဝါရီ ၂၈ ရက်က အင်းဝိုင်းလမ်းဆုံမှာရှိတဲ့ စစ်တပ်စခန်းက တပ်ကြပ် အဆင့်ဟိန်းထက်မင်းက MA-3 လက်နက်ငယ်တစ်လက်နဲ့ လက်ပစ်ဗုံးတစ်လုံးယူလာတယ်လို့ ဆိုပါတယ်။

“စစ်တပ်ရဲ့လုပ်ရပ်တွေကို မကြိုက်လို့ ပြည်သူတွေနဲ့ပူးပေါင်းပြီး ပြန်တိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘက်ပြောင်းလာတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ယူလာပြီး အလင်းဝင်လာတဲ့ တပ်ကြပ်။ ဓာတ်ပုံ − မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်း

အလင်းဝင်လာတဲ့ တပ်ကြပ်ဟာ စစ်ကိုင်းတိုင်း၊လဟယ်မြို့နယ်အခြေစိုက် ခလရ(၂၇၂)တပ်ရင်းကဖြစ်ပြီး ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့တယ်လို့ အသိပေးပါတယ်။

“အင်းဝိုင်းမှာက စစ်ဆိုင်ထားတာ တစ်နှစ်ကျော်ပြီ”လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် သုံးလဝန်းကျင်အတွင်း စစ်တပ်က အလင်းဝင်လာသူ လေးဦးရှိပြီလို့ မော်လိုက်ခရိုင် အမှတ်(၃)တပ်ရင်းက ဆိုပါတယ်။

စစ်မှုထမ်း အပတ်စဥ်(၁၇)အတွက် ရန်ကုန်မြို့ကနေ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်တစ်ဦးလည်း ဖေဖော် ဝါရီ ၂၂ ရက်က မော်လိုက်တော်လှန်ရေးအင်အားစုထံ လက်နက်နဲ့ အလင်းဝင်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။