Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်မှာ Dilivery လုပ်ငန်းများလည်းပါဝင်

“Delivery မနက်ဖြန်နားပါတယ်။ ၁၁ ရက်နေ့မှပြန်ထွက်ပါမယ်။ လက်ကျန် Way အကုန်ဖြတ်ပြီးပါပြီ။ ဖုန်းစက်ပိတ်ထားပါမယ်” ဟု သန့်ဇင် Delivery က ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

အသံတိတ်သပိတ်ပြုလုပ်မည့် ဒီဇင်ဘာ၁၀ ရက်တွင် ရန်ကုန်မြို့တွင်း ပစ္စည်းပို့ဆောင်မှုပြုလုပ်ပေးနေသည့် လုပ်ငန်းများကို ရပ်နားထားကြောင်း Delivery လုပ်ငန်းရှင်များက အသီးသီး​ကြေညာထားကြသည်။

“Delivery မနက်ဖြန်နားပါတယ်။ ၁၁ ရက်နေ့မှပြန်ထွက်ပါမယ်။ လက်ကျန် Way အကုန်ဖြတ်ပြီးပါပြီ။ ဖုန်းစက်ပိတ်ထားပါမယ်” ဟု သန့်ဇင် Delivery က ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

အလားတူ ရန်ကုန်မြို့တွင်း ပစ္စည်းပို့ဆောင်ပေးနေသည့် လုပ်ငန်းများက ဒီဇင်ဘာ ၁၀ ရက်တွင် တစ်ရက်တာ လုပ်ငန်းရပ်နားမည်ဖြစ်ကြောင်း ကြေညာထားသည်။

“10 Dec 2021 မှာ Deli ပို့ခြင်းတစ်ရက်နားပါမည်။ OSနှင့် Cus များလည်း ပူပေါင်းပါဝင်မည်ဟု ယုံကြည်ပါသည်။” ဟု Delivery လုပ်ငန်းလုပ်သည့် ကိုအတာဦးကလည်းဆိုရှယ်မီဒီယာကတဆင့် ​ကြေညာထားသည်။

Public Service Announcement

Public Service Announcement

Delivery လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ၎င်းတို့တတ်နိုင်သည့် ဘက်ကပါဝင်ပေးခြင်းဖြစ်ပြီး အားလုံးပါဝင်ပေးရန် Wow Delivery လုပ်ငန်းက မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် လအတွင်းက မြန်မာပလာဇာ၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် လူငယ်များကို အကြမ်းဖက်ခဲ့သောကြောင့် မြန်မာပလာဇာသို့ ပစ္စည်းပို့ခြင်းမပြုလုပ်ကြောင်း Delivery လုပ်ငန်းလုပ်ကိုင်သူများက ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။