Connect with us

Hi, what are you looking for?

LuduNwayOo

News

အသံတိတ်သပိတ်မှာ Dilivery လုပ်ငန်းများလည်းပါဝင်

“Delivery မနက်ဖြန်နားပါတယ်။ ၁၁ ရက်နေ့မှပြန်ထွက်ပါမယ်။ လက်ကျန် Way အကုန်ဖြတ်ပြီးပါပြီ။ ဖုန်းစက်ပိတ်ထားပါမယ်” ဟု သန့်ဇင် Delivery က ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

အသံတိတ်သပိတ်ပြုလုပ်မည့် ဒီဇင်ဘာ၁၀ ရက်တွင် ရန်ကုန်မြို့တွင်း ပစ္စည်းပို့ဆောင်မှုပြုလုပ်ပေးနေသည့် လုပ်ငန်းများကို ရပ်နားထားကြောင်း Delivery လုပ်ငန်းရှင်များက အသီးသီး​ကြေညာထားကြသည်။

“Delivery မနက်ဖြန်နားပါတယ်။ ၁၁ ရက်နေ့မှပြန်ထွက်ပါမယ်။ လက်ကျန် Way အကုန်ဖြတ်ပြီးပါပြီ။ ဖုန်းစက်ပိတ်ထားပါမယ်” ဟု သန့်ဇင် Delivery က ၎င်း၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

အလားတူ ရန်ကုန်မြို့တွင်း ပစ္စည်းပို့ဆောင်ပေးနေသည့် လုပ်ငန်းများက ဒီဇင်ဘာ ၁၀ ရက်တွင် တစ်ရက်တာ လုပ်ငန်းရပ်နားမည်ဖြစ်ကြောင်း ကြေညာထားသည်။

“10 Dec 2021 မှာ Deli ပို့ခြင်းတစ်ရက်နားပါမည်။ OSနှင့် Cus များလည်း ပူပေါင်းပါဝင်မည်ဟု ယုံကြည်ပါသည်။” ဟု Delivery လုပ်ငန်းလုပ်သည့် ကိုအတာဦးကလည်းဆိုရှယ်မီဒီယာကတဆင့် ​ကြေညာထားသည်။

Public Service Announcement

Public Service Announcement

Delivery လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ၎င်းတို့တတ်နိုင်သည့် ဘက်ကပါဝင်ပေးခြင်းဖြစ်ပြီး အားလုံးပါဝင်ပေးရန် Wow Delivery လုပ်ငန်းက မေတ္တာရပ်ခံထားသည်။

ပြီးခဲ့သည့် လအတွင်းက မြန်မာပလာဇာ၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် လူငယ်များကို အကြမ်းဖက်ခဲ့သောကြောင့် မြန်မာပလာဇာသို့ ပစ္စည်းပို့ခြင်းမပြုလုပ်ကြောင်း Delivery လုပ်ငန်းလုပ်ကိုင်သူများက ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

အသံတိတ်သပိတ်ကို ယမန်နေ့(ဖေဖော်ဝါရီ ၁) နံနက် ၁၀ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပြုလုပ်ခဲ့ရာ ရန်ကုန်၊ မန္တ လေး၊ နေပြည်တော် အပါအဝင် နိုင်ငံတဝန်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ ခြိမ်းခြောက် ဖိနှိပ်မှုများအကြားမှ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်သည့် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

သတင်း

"ဓာတ်ပုံလေးရိုက်တာတောင် ကြောက်ချီးပန်းနေမှတော့ စစ်ကောင်စီ တပ်တွေဟာ အရမ်းကို ကြောက်စိတ်တွေဝင်ပြီး လုံး၀တပ်ပျက်နေပါပြီ”ဟု Indaw Revolution က ဖော်ပြသည်။