Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မူးယစ်ရာဇာတွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ပြီး ရှင်းလင်းပေးမယ်လို့ လက်တင်အမေရိက နိုင်ငံတွေကို ထရမ့်ကမ်းလှမ်း

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

မတ်လ ၇ ရက်နေ့တုန်းက ထရမ့်ဟာ ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့မှာ ကျင်းပတဲ့ Shield of the Americas ဆွေးနွေးပွဲမှာ လက်တင်အမေရိက ဒေသတွင်း နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ ထရမ့်က မူးယစ်မှောင်ခို ဂိုဏ်းတွေကို တန်ပြန်ဖို့ နိုင်ငံ ၁၇ ခု ပူးပေါင်းကြမယ့် Counter cartel တပ်ပေါင်းစု ဖွဲ့စည်းရေးကိုလည်း ထရမ့်က တိုက်တွန်း အဆိုပြုခဲ့ပါတယ်။

ထရမ့်က မူးယစ်မှောင်ခို ဂိုဏ်းတွေဟာ လက်တင် အမေရိက ဒေသတွင်းမှာ ကင်ဆာဆဲလ်တွေလို ပျံ့နှံ့ပြီး ဒုက္ခပေးနေကြောင်း၊ အဲဒီ ရာဇဝတ် အစုအဖွဲ့တွေကို နှိမ်နင်းရာမှာ မဖြစ်မနေ အင်အားသုံးဖို့ လိုအပ်ကြောင်း သတိပေးခဲ့ပါတယ်။

ထရမ့်ဟာ လောလောဆယ် အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်မှာ စစ်ခင်းတိုက်ခိုက်နေပါတယ်။ သူက အနောက်ကမ္ဘာခြမ်း တစ်ခုလုံးမှာ အမေရိကန်ရဲ့ ဩဇာလွှမ်းမိုးမှုကို ဖြန့်ကျက်ဖို့ လိုလားကြောင်း အတိအလင်း ပြောဆိုထားသလို ကွန်မြူနစ် အစိုးရ ဦးဆောင်တဲ့ ကျူးဘားဟာ နောက်ဆုံးထွက်သက်နား နီးကပ်နေပြီလို့ ခြိမ်းခြောက်ထားပါတယ်။

Public Service Announcement

Public Service Announcement

အစည်းအဝေးမှာတော့ ဒေသတွင်းက အမေရိကန်ရဲ့ မိတ်ဖက် နိုင်ငံတွေ အနေနဲ့ ရာဇဝတ်သား အစုအဖွဲ့တွေအပေါ် မာမာထန်ထန် အရေးယူဖို့ လိုအပ်ပြီး အမေရိကန်ကလည်း မဟာဗျူဟာမြောက် စစ်ဆင်ရေး အကူအညီတွေပေးဖို့ အသင့်ရှိကြောင်း ထရမ့်က ပြောခဲ့ပါတယ်။

အမေရိကန်ဟာ လုပ်စရာရှိတဲ့ ကိစ္စတွေကို အဲဒီနိုင်ငံတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်မှာ ဖြစ်ကြောင်း၊ အမေရိကန်မှာ အသုံးပြုဖို့ ဒုံးကျည်တွေ ရှိကြောင်း၊ မိတ်ဖက် နိုင်ငံတွေ အနေနဲ့ အဲဒီဒုံးကျည်တွေကို အမေရိကန်က အသုံးပြုစေချင်ရင်လည်း တောင်းဆိုလို့ ရကြောင်း၊ ဒုံးကျည်တွေက ပစ်မှတ်ကို အရမ်း ထိထိရောက်ရောက် ချေမှုန်းနိုင်စွမ်းရှိကြောင်း လက်တင်အမေရိကနဲ့ ကာရေဘီယန် ဒေသတွင်း နိုင်ငံတွေရဲ့ လက်ယာယိမ်း ခေါင်းဆောင်တွေကို မီယာမီမှာရှိတဲ့ သူ့ရဲ့ Doral ဂေါက်ကလပ်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ ထရမ့်က ကမ်းလှမ်းခဲ့ပါတယ်။

ဒုံးကျည်တစ်စီးက ဖျူးဆိုပြီး ပျံလာရင်း ဧည့်ခန်းထဲမှာ ရှိနေမယ့် မူးယစ်ရာဇာကို အဆုံးသတ်ပေးလိုက်မှာ ဖြစ်ကြောင်း၊ အမေရိကန်က မိတ်ဖက်နိုင်ငံတွေ လိုအပ်တာတွေကို ကူညီပေးသွားမှာဖြစ်ကြောင်းလည်း ထရမ့်က ပြောပါတယ်။

ဖလော်ရီဒါမှာ ကျင်းပတဲ့ အစည်းအဝေးကို အာဂျင်တီးနား သမ္မတ ဂျာဗီးယား မီလီ၊ အီကွေဒေါနဲ့ အယ်လ်ဆာဗေးဒိုး ခေါင်းဆောင်တွေဖြစ်တဲ့ ဒန်နီရယ်လ် နိုဘိုအာနဲ့ နာယစ်ဘ် ဘူကီလီတို့လည်း တက်ရောက်ခဲ့ပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

တော်ဝင်မိသားစုရဲ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရဘိန်းဘုရင်ခွန်ဆာရဲ့ ညာလက်ရုံးအဖြစ်သတ်မှတ်ခံရသူအခုအခါမှာ အသက် ၈၆ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ မူးယစ်ရာဇာတစ်ဦးကို ထိုင်းက ပြန်လွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook