Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မှာ စစ်​ကြောင်းထိုးသတ်ဖြတ်​လို့ထွက်​ပြေး​နေရတဲ့ပြည်သူတွေ အရေးပေါ် စားနပ်ရိက္ခာ​လိုအပ်​နေ

စစ်တပ်စစ်ကြောင်းထိုးပြီး ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်​နေတာကြောင့် ထွက်​ပြေးတိမ်းရှောင်နေရတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ဒေသခံတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ကူညီသူတွေက​ပြောပါတယ်။

(​ရေတွင်းကုန်း​ကျေးရွာအုပ်စုအတွင်းစစ်သား​တွေ နဲ့ သစ်ပင်​​အောက်မှာ ပြည်သူ​တွေရဲ့ရုပ်အ​လောင်း​တွေကို​တွေ့ရစဥ်။ဓါတ်ပုံ-NUG-MOD)

မတ်-၁၀၊၂၀၂၆၊ဒလပန်း/ People’s Spring

စစ်တပ်စစ်ကြောင်းထိုးပြီး ပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ်​နေတာကြောင့် ထွက်​ပြေးတိမ်းရှောင်နေရတဲ့ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ဒေသခံတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ အကူအညီလိုအပ်နေတယ်လို့ ကူညီသူတွေက​ပြောပါတယ်။

“စစ်ရှောင် အိမ်ခြေက နှစ်ထောင်လောက်ရှိတယ်။ စစ်ရှောင် ဦးရေကတစ်သောင်းနီးပါးရှိတယ်။ အခုက အတိကျတော့မကောက်နိုင်သေးဘူး။လက်ရှိကတော့ စစ်ရှောင်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာလိုအပ်ပါတယ် “လို့ကူညီနေသူတစ်ဦးကပြောပါတယ်။

မတ်လ (၅) ရက်နေ့ မနက်အ​စောပိုင်းမှာပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နဲ့ ကျောင်းကုန်းရွာ​တွေကို စစ်တပ်ရဲ့တပ်မ ၇၇ ဦး​ဆောင်တဲ့ ခမရ-၂၀၊ ခလရ-၂၆၄၊ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်း​တွေက စစ်ကြောင်း​လေး​ကြောင်းခွဲရောက်လာပါတယ်။ ပြည်သူ ၃၀၀ ​ကျော်ကိုဖမ်းဆီးပြီး​တော့ ၄၀ ​ကျော်ကိုသတ်ဖြတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ (၃၀၀) ကျော်ကို ဖမ်းဆီးခဲ့ပြီး ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ​​ကြောင့်ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦး နဲ့ သက်ကြီးရွယ်အို​တွေအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀) ဦးကျော် သေဆုံးခဲ့တယ်လို့ ​ရုပ်သံမှတ်တမ်းနဲ့တကွဖော်ပြထားပါတယ် ။

ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်တာမှာ စစ်တပ်စစ်ကြောင်းကရေတွင်းကုန်းကျေးရွာအုပ်စု အတွင်းကပြည်သူ​တွေကိုဖမ်းဆီးထားစဥ်စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့​ဖော်ပြပါတယ်။တိုက်ပွဲအတွင်း စစ်တပ်ကဒရုန်း၊ဂျက်ဖိုက်တာတွေနဲ့ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းကို ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ ၂၅ ဦး ထိခိုက်သေဆုံးခဲ့သလိုဖမ်းဆီးထားသူ​တွေထဲကအရပ်သား၅ဦးကိုလည်းစစ်တပ်က သတ်ဖြတ်သွားတယ်လို့ဖော်ပြထားပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေတာကြောင့်ရေတွင်းကုန်း ကျောင်းကုန်း အင်းပရိ ဒလဆိပ် ဝက်ချဲ အင်ကုန်း က ဒေသခံ တစ်သောင်းနီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးနေကြတာဖြစ်ပါတယ်။

အဲ့ဒီနောက်စစ်တပ်ကဖမ်းဆီးထားတဲ့ အရပ်သား ၁၅၀ ဦးခန့်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ၊ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်က ပဲခူးခရိုင်တပ်ရင်း(၂)က မတ်လ ၉ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။စစ်တပ် ဖမ်းထားတဲ့ အရပ်သားတွေကို ပဲခူးခရိုင် အမှတ်(၂) တပ်ရင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က မတ်လ ၈ရက်မှာ ကယ်ထုတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ပြည်သူတွေကိုကယ်ထုတ်နိုင်ခဲ့ပေမယ့် စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ ရေတွင်းကုန်းကျေးရွာအုပ်စုကို တော်လှန်ရေးတပ်တွေက ပြန်လည်စိုးမိုးနိုင်ခြင်းမရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး မီးလောင်ဗုံးတွေသုံး မီးရှို့နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း စစ်တပ်က ပြည်သူလူထုကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ရာမှာ ကလေးငယ် အပါအဝင် ၃ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ၂၅ဦးဟာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးအပါအဝင် တာဝန်ရှိသူတွေက ဒီကနေ့ ပြုလုပ်တဲ့...

သတင်း

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း စစ်ကြောင်းထိုး ဝင်လာတဲ့ စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့တဲ့ ပြည်သူ ၁၅၀ ဦးခန့်အား ကယ်ထုတ်နိုင်ခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပဲခူးတိုင်းစစ်ဌာန ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်ရှိ ပဲခူးခရိုင်တပ်ရင်း(၂)က ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။