Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့နယ် ရွှေလုပ်ကွက် စစ်တပ်ဗုံးကြဲမှု ပြည်သူ ၂ဦးသေ၊ ၈ဦးဒဏ်ရာရဟု KIA ပြော

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက် နေရာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ မီးလောင်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Screengrab

မတ်-၁၂၊ ၂၀၂၆။အိမ်သွင်၊ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းဒေသက ရွှေလုပ်ကွက်နေရာတွေကို စစ်ကောင်စီက မတ်လ ၁၀ရက် ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရတယ်လို့ သိရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဲဒီဒေသကို စစ်ကောင်စီက ဗုံးကြဲခဲ့တာဖြစ်ပြီး ကနဦး သတင်းတွေအရ သေဆုံးသူအများအပြားရှိခဲ့ကြောင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကလည်း ဗန်းမော်မြို့နယ်က မြစ်ကမ်းတလျှောက် ရွှေလုပ်ကွက်နေရာတွေကို စစ်တပ် ဗုံးကြဲခဲ့မှန်ကန်ပေမယ့် သေဆုံးထိခိုက်အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ပြောပြပါတယ်။

စစ်ကောင်စီဟာ အခုနှစ် ဇန်နဝါရီကလည်း ဗန်းမော်မြို့နယ် ထီးလင်းကောင်ဂျာကျေးရွာကို လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ၂၃ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နိုင်လို့ သတိပြုကြဖို့ ဗိုလ်မှူးကြီးနော်ဘူက သတိပေးပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ကချင်၊ စစ်ကိုင်း၊ ရက္ခိုင် ၊ မကွေး၊ ချင်း၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူးနဲ့ ကရင်စတဲ့ နိုင်ငံတဝန်း နေရာအများအပြားကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်လျက်ရှိပြီး လူအစုလိုက်၊ အပြုံလိုက်အသုံးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းတဲ့ စစ်တပ်ရဲ့ မြစ်ကြောင်းစစ်ဆင်ရေး ကျရှုံးမှုများခဲ့၊ ဇင်းဘုံဒေသမှာ စစ်တပ် ဆက်ရှိနေလို့ စစ်ရေးတင်းမာ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စုန်ဆင်းလာတဲ့ ခလရ(၂၃၇) တပ်ရင်းမှူးလိုက်ပါတဲ့ စစ်သင်္ဘောတိုက်ခိုက်ခံရပြီး ရေနစ်မြုပ်သွားချိန်မှာ ခမရ(၃၂၀)တပ်ရင်းမှူး လိုက်ပါတဲ့ သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ် တချို့က ပြောပါတယ်။

သတင်း

စစ်သင်္ဘော ၈စီး ထိခိုက်အောင် တိုက်ခိုက်ထားပြီး တချို့နစ်မြုပ်၊ သင်္ဘော ၂စီး ရွှေကူဘက် ပြန်လှည့်သွား