မတ်-၁၃၊၂၀၂၆။သုည/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ယင်းမာပင်မြို့နယ်မှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်တပ်ထုတ်ကုန်မသုံးစွဲရေးနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၃)မှာ ပြုလုပ်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်အတွင်းမှာ သပိတ်ရဲဘော်တွေနဲ့ ကျောင်းသား၊ ကျောင်းသူ လူငယ်တွေ စုပေါင်းကာ စာဖတ်ဝိုင်းနဲ့ အမြင် ဗဟုသုတဖလှယ်ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိနိုင်ငံရေးအခြေအနေကို ဆွေးနွေးတိုင်ပင်ခဲ့ပြီး စစ်အာဏာရှင် အဆုံးသတ်သည်အထိ ဆက်လက်တိုက်ပွဲဝင်ဖို့နဲ့ စစ်တပ်ထုတ်ကုန် မသုံးစွဲဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွင့်မည်ရွှေရေကြည်လူထုသပိတ်က ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံ စာသားတွေနဲ့ ဆန္ဒထုတ်ဖော် သပိတ်မှောက်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ဒေသခံတော်လှန်ပြည်သူတွေဟာ နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ပြုလုပ်နေကြပါတယ်။


















































