Connect with us

Hi, what are you looking for?

News

အ​နော်ရထာစစ်ဆင်​ရေးမှစစ်သား ကျွဲခတ်ခံရပြီးသေဆုံးမှု ​တော်လှန်​ရေးအတွက် နမိတ်​ကောင်းဟု ဒေသခံများ​ပြော

“ညောင်ပင်ရိုးကတကယ်က ကောလင်းနယ်ထဲမပါဘူး။ ကျွန်းလှနယ်ထဲ ဖြစ်ခဲ့တာ။ စစ်ဆင်ရေးက အနော်ရထာစစ်ဆင်ရေး။ အနော်ရထာကလည်း ကျွဲခတ်လို့ နတ်ရွာစံတာဆိုတော့ လူထုတော်လှန်ရေးအတွက် နမိတ်ကောင်းအဖြစ် ယုံကြည်နေကြတယ်” ဟု ကျွန်းလှ ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်တွင်ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကျွဲတစ်ကောင်က ခတ်သဖြင့် စစ်သား​သေဆုံးမှုဖြစ်စဥ်မှာအမှန်တကယ် ဖြစ်ခဲ့ပြီး ​​တော်လှန်​ရေးအတွက်နမိတ်ကောင်းဟု​ဒေများက ယုံကြည်​နေကြ​ကြောင်း​ပြောသည်။

ကျွန်းလှမြို့နယ် အနောက်- အနောက်မြောက်ဘက်စွန်ရှိ ညောင်ပင်ရိုးကျေးရွာတွင် ဒီဇင်ဘာ ၉ ရက်က စစ်​ကောင်စီတပ်သားကိုကျွဲက​ခွေ့ခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းလှမြို့ခံတစ်ဦးက ပြောသည်။

“ညောင်ပင်ရိုးကတကယ်က ကောလင်းနယ်ထဲမပါဘူး။ ကျွန်းလှနယ်ထဲ ဖြစ်ခဲ့တာ။ စစ်ဆင်ရေးက အနော်ရထာစစ်ဆင်ရေး။ အနော်ရထာကလည်း ကျွဲခတ်လို့ နတ်ရွာစံတာဆိုတော့ လူထုတော်လှန်ရေးအတွက် နမိတ်ကောင်းအဖြစ် ယုံကြည်နေကြတယ်” ဟု ကျွန်းလှ ဒေသခံတစ်ဦးကပြောသည်။

“ညောင်ပင်ရိုးကျေးရွာမှာ စစ်ကြောင်းတစ်ကြောင်းရှိတယ်။ ကျွန်းလှနယ်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်း။ အဲ့ဒီစစ်ကြောင်းကို ကျွဲက ဝင်ခတ်လိုက်တာ စစ်သားတစ်ယောက်သေတယ်။ အလောင်းကို သယ်သွားတယ်။ တစ်နေရာရာမှ မြေမြုပ်မယ်ထင်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

ကောလင်းနယ် ညောင်ပင်ရိုးကျေးရွာမှ ပျဥ်ပင်းရွာသို့ကူးစဥ် တာဝါတိုင်တစ်ခုအနီးတွင် စစ်ကောင်စီတပ် ကျွဲခတ်ခံရ၍ စစ်သားတစ်ဦး အူပွင့်သေဆုံးသည်ဟုယမန်​နေ့က မဲ​ခေါင်းသတင်းဌာနကစတင်​ဖော်ပြပြီး​​နောက် အခြားသတင်းဌာနများက လည်းဖော်ပြခဲ့သည်။

ယခုအခါ အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အနော်ရထာ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်နေခြင်းသည်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်သား ကျွဲခတ်ခံရ၍ သေဆုံးခြင်းသည် ​​ဗေဒင်၊ယတြာအလွန်ယုံသူဟုသတင်းကြီး​သောအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အတွက် နမိတ်ဆိုးဟု စစ်ကိုင်းတိုင်းနေပြည်သူများက မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

Facebook