စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်တွင်ထိုးစစ်ဆင်နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းအား ကျွဲတစ်ကောင်က ခတ်သဖြင့် စစ်သားသေဆုံးမှုဖြစ်စဥ်မှာအမှန်တကယ် ဖြစ်ခဲ့ပြီး တော်လှန်ရေးအတွက်နမိတ်ကောင်းဟုဒေများက ယုံကြည်နေကြကြောင်းပြောသည်။
ကျွန်းလှမြို့နယ် အနောက်- အနောက်မြောက်ဘက်စွန်ရှိ ညောင်ပင်ရိုးကျေးရွာတွင် ဒီဇင်ဘာ ၉ ရက်က စစ်ကောင်စီတပ်သားကိုကျွဲကခွေ့ခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းလှမြို့ခံတစ်ဦးက ပြောသည်။
“ညောင်ပင်ရိုးကတကယ်က ကောလင်းနယ်ထဲမပါဘူး။ ကျွန်းလှနယ်ထဲ ဖြစ်ခဲ့တာ။ စစ်ဆင်ရေးက အနော်ရထာစစ်ဆင်ရေး။ အနော်ရထာကလည်း ကျွဲခတ်လို့ နတ်ရွာစံတာဆိုတော့ လူထုတော်လှန်ရေးအတွက် နမိတ်ကောင်းအဖြစ် ယုံကြည်နေကြတယ်” ဟု ကျွန်းလှ ဒေသခံတစ်ဦးကပြောသည်။
“ညောင်ပင်ရိုးကျေးရွာမှာ စစ်ကြောင်းတစ်ကြောင်းရှိတယ်။ ကျွန်းလှနယ်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်း။ အဲ့ဒီစစ်ကြောင်းကို ကျွဲက ဝင်ခတ်လိုက်တာ စစ်သားတစ်ယောက်သေတယ်။ အလောင်းကို သယ်သွားတယ်။ တစ်နေရာရာမှ မြေမြုပ်မယ်ထင်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လူငယ်တစ်ဦးကလည်းပြောသည်။

Public Service Announcement
ကောလင်းနယ် ညောင်ပင်ရိုးကျေးရွာမှ ပျဥ်ပင်းရွာသို့ကူးစဥ် တာဝါတိုင်တစ်ခုအနီးတွင် စစ်ကောင်စီတပ် ကျွဲခတ်ခံရ၍ စစ်သားတစ်ဦး အူပွင့်သေဆုံးသည်ဟုယမန်နေ့က မဲခေါင်းသတင်းဌာနကစတင်ဖော်ပြပြီးနောက် အခြားသတင်းဌာနများက လည်းဖော်ပြခဲ့သည်။
ယခုအခါ အကြမ်းဖက်စစ်ကောင်စီက စစ်ကိုင်းတိုင်းကို အနော်ရထာ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်နေခြင်းသည်။ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်သား ကျွဲခတ်ခံရ၍ သေဆုံးခြင်းသည် ဗေဒင်၊ယတြာအလွန်ယုံသူဟုသတင်းကြီးသောအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အတွက် နမိတ်ဆိုးဟု စစ်ကိုင်းတိုင်းနေပြည်သူများက မှတ်ချက်ပြုသည်။
