Connect with us

Hi, what are you looking for?

သတင်း

ဖရူဆို – ထားလဲလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို KNDF တိုက်ခိုက်

ကရင်နီပြည်နယ်၊ ဖရူဆို – ထားလဲလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။

မတ်-၁၄၊၂၀၂၆။ဇော်ဝင်း/Peoples Spring

ကရင်နီပြည်နယ်၊ ဖရူဆို – ထားလဲလမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ မတ်လ ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။

အခုမတ်လ ၅ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ဘတ်ဟိုး(လမ်းပြင်ရန် မြေကော်စက်)ယာဥ်ပါလာတဲ့ ယာဥ်တန်းက ဖရူဆို – ထားလဲ လမ်းပိုင်းကို စစ်ကြောင်းထိုးလာချိန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးခန့် သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်းရှိကာ လမ်းထိုးဖို့ လိုက်ပါလာတဲ့ ဘတ်ဟိုးကိုလည်း ပျက်စီးတဲ့အထိ ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဖရူဆို – မာခရော့ရှည် – ထားလဲ -နန်းဖဲ -ဘောလခဲ -ထူးချောင်း နဲ့ ဖားဆောင်း ထိ ဆက်သွယ်ရေးလမ်းမကို ပြန်ဖွင့်ဖို့က တကက ၁၄ (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း) မာခရော့ရှည် နဲ့ ထားလဲရွာကြား ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားနေတာ”လို့ ကရင်နီစစ်ရေးအခြေအနေကို သိရှိသူက ပြောပါတယ်။

ဒါကြောင့် ဒီးမော့ဆို- ဖရူဆို- ဘောလခဲ လမ်းမကြီး တလျှောက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေတယ်လို့ KNDFက ဆိုပါတယ်။

ဒါ့အပြင် ခုခံကာကွယ်စစ်ကို ထိရောက်စွာ ပူးပေါင်းဆောင်ရွက်လျှက်ရှိတယ်လို့လည်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီက ဖားဆောင်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ကရင်နီပြည်နယ်ရဲ့ တစ်ခုတည်းသော သယံဇာတဒေသဖြစ်တဲ့ ခဲတွင်းတွေရှိရာ မော်ချီးဒေသကို စစ်တပ်က ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ဒါကြောင့် ဖားဆောင်း-မော်ချီးလမ်းပိုင်းက ခဲမဖြူကျေးရွာအနီးမှာ စစ်တပ်က အထိုင်ချတပ်စွဲတာအပြင် လေကြောင်းကင်းထောက်တာ ၊ဗုံးကြဲတာတွေ နေ့စဥ်နီးပါး ရှိနေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကရင်နီဒေသမှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်တွေကြောင့် တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ တဖြည်းဖြည်းဆုံးရှုံးလာပါတယ်။

လက်ရှိအခြေအနေအရ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ စုပေါင်းဖို့နဲ့ စစ်ရေးအရ အားသာမှုတွေ ပြန်ရဖို့ ကရင်နီပြည်နယ်မှာ တစ်ခုတည်းသောတပ်မတော် (UKSA)ကို ဖွဲ့စည်းဖို့ အရပ်ဖက်နဲ့ လူထုက တိုက်တွန်းမှုတွေရှိပါတယ်။

ရုပ်သံ – KNDF

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့

Facebook