Connect with us

Hi, what are you looking for?

သတင်း

KTLAက တော်လှန်ရေးတပ်တွေကိုရန်သူအဖြစ်သတ်မှတ် တိုက်ခိုက်နေတာလားဟု ဗထူးတပ်ဖွဲ့ မေးခွန်းထုတ်

တနင်္သာရီမြို့နယ်၊ မောတောင်မြို့သိမ်း တိုက်ပွဲကနေ မိခင်တပ်ရင်းကို ပြန်လာတဲ့ ဗထူးတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော်တွေကို တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ရန်သူအဖြစ်သတ်မှတ်တိုက်ခိုက်ခြင်းလားဟု ဗိုလ်စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ကို မေးမြန်းတဲ့ ကြေညာချက် ဗထူးတပ်ဖွဲ့က မတ်လ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

KTLA တပ်ဖွဲ့တိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ရဲဘော် လေးဦး။ ဓာတ်ပုံ - Ba Htoo Army - BHA

မတ်-၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ်၊ မောတောင်မြို့သိမ်း တိုက်ပွဲကနေ မိခင်တပ်ရင်းကို ပြန်လာတဲ့ ဗထူးတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော်တွေကို တိုက်ခိုက်တာဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို ရန်သူအဖြစ်သတ်မှတ်တိုက်ခိုက်ခြင်းလားဟု ဗိုလ်စောနယ်ဒါးမြ ဦးဆောင်တဲ့ KTLA တပ်ဖွဲ့ကို မေးမြန်းတဲ့ ကြေညာချက် ဗထူးတပ်ဖွဲ့က မတ်လ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

မောတောင်မြို့သိမ်းတိုက်ပွဲ ရှေ့တန်းနယ်မြေကပြန်လာတဲ့ ဗထူးတပ်ဖွဲ့ ရဲဘော်တွေကို KTLAက မတ်လ ၁၄ရက်မှာ တိုက်ခိုက်ခဲ့တာပါ။ ဗိုလ်ကော်လာဖိုး ဦးဆောင်တဲ့ KTLAက ထားဝယ်မြို့နယ် ဟင်းကပိရွာနဲ့ ပျားသားချောင်းရွာအကြားမှာ ခြုံခိုတိုက်ခိုက်ခဲ့လို့ ဗထူးတပ်ဖွဲ့က ရဲဘော် ၄ဦး ကျဆုံးကာ ၅ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အသိပေးပါတယ်။ ဒါ့အပြင် လက်နက်ခဲယမ်းမျိုးစုံ (၁၂) လက် ဆုံးရှုံးခဲ့ပြီး ဗိုလ်ကော်လာဖိုးအဖွဲ့ သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။

” ကော်သူးလေတပ်မတော် KTLA ဦးဆောင်သော ဗိုလ်ချုပ် စောနယ်ဒါးမြအားမေးမြန်းလိုသည်မှာ ဤသို့ပစ်ခတ်တိုက်ခိုက်မှုသည် စောအယ်ဦး(ခ)ကော်လာဖိုး ဦးဆောင်သော ကော်သူးလေ တပ်မတော် KTLA အဖွဲ့ နှင့် အပေါင်းအပါ တို့မှ မိမိတို့ ဗထူးတပ်မတော် တပ်ဖွဲ့ဝင် ရဲဘော်များအား ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ဖမ်းဆီးသတ်ဖြတ်ခဲ့သည်မှာ KNLA တပ်မဟာ(၄) ၊ KNLA တပ်မဟာ(၆) ၊ တပ်ရင်း (၂၇) တပ်ဖွဲ့များနှင့် မဟာမိတ်ဆက်ဆံရေးတည်ဆောက်ထား သည့်အတွက်လား ၊ မိမိတို့ ဗထူးတပ်မတော် နည်းတူ တော်လှန်ရေးတပ်ဖွဲ့များအား ဘုံရန်သူ အဖြစ် သတ်မှတ်ထားသည့်အတွက်လား ဟု မိမိတို့ဗထူးတပ်မတော်အနေဖြင့် ပွင့်ပွင့်လင်းလင်း သိရှိလိုကြောင်း ထုတ်ပြန်အပ်ပါသည်”လို့ ဗထူးတပ်မတော်ရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဗိုလ်ကော်လားဖိုးရဲ့ KTLAဟာ ဗထူးတပ်ဖွဲ့ကို မတိုက်ခိုက်မီ ရက်ပိုင်းအတွင်းမှာလည်း KNLA ရဲဘော်တွေကို ခြုံခိုတိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ KNLA ဂိတ်စခန်းကို တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ မတ်လ ၁၄ရက်မှာ KNLA ရဲ့ မဟာမိတ် ဗထူးတပ်ဖွဲ့ က ရဲဘော်တွေကို KTLAက ထပ်မံ တိုက်ခိုက်ခဲ့ပြီးနောက် KTLAကို စစ်ကောင်စီရဲ့ မိတ်ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း KNLA တပ်မဟာ(၄)က ထုတ်ပြန်ခဲ့ပါတယ်။

KTLA ရဲ့ လုပ်ရပ်ဟာ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့တခုလို လုပ်ဆောင်ကာ တော်လှန်ရေးတပ်ဖွဲ့တွေကို မကြာခဏ တိုက်ခိုက်နေတာကြောင့် အခုလို သတ်မှတ်ကြေညာခဲ့တာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးတပ်တွေနဲ့ပေါင်းပြီး ဘုံရန်သူကို ဆက်တိုက်မယ်လို့ ဆာကပေါတပ်ရင်းတာဝန်ရှိသူပြော

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးတာကို မလိုက်နာလို့ဆိုပြီး တပ်ရင်းမှူး ၁ဦးကို ဗိုလ်နယ်ဒါးမြဦးဆောင်တဲ့ ကော်သူးလေအာမီ KTLA က ထုတ်ပယ်လိုက်ကြောင်း ကရင်သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook