Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှ နွားစာ​ကျွေးရန်ပြန်လာ​သောရွာသား​လေးဦးကိုစစ်​ကောင်စီတပ်သတ်ဖြတ်

“အဲဒီရွာသားတွေက နွားစာကျွေးဖို့ဆိုပြီး ရွာထဲခဏ ပြန်သွားကြရင်း အသတ်ခံလိုက်ရတာလို့ပြောတယ်။”ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာမှ နွားစာကျွေးရန်ပြန်လာသည့် ​​ဒေသခံအမျိုးသားလေးဦးအား အကြမ်းဖက်စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့သည်။

“အဲဒီရွာသားတွေက နွားစာကျွေးဖို့ဆိုပြီး ရွာထဲခဏ ပြန်သွားကြရင်း အသတ်ခံလိုက်ရတာလို့ပြောတယ်။”ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် နဂါးတွင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြန်ထွက်သွားချိန် ရွာထဲတွင် ရွာသားလေးဦးအား လက်ပြန်ကြိုးတုပ်လျက်သတ်ဖြတ်သွားခဲ့သည်ကို သိ့ရခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မသည် ဒီဇင်ဘာလ ၈ ရက်နေ့ညနေပိုင်းက နဂါးတွင်းကျေးရွာသို့ဝင်ရောက်ကာ မိုးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်း​ကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊တိမ်း​ရှောင်ရာမှနွားစာ​ကြွေးရန်ရွာသို့ပြန်သွား​သော ရွာသား​လေးဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်​ကောင်စီတပ်ရွာမှပြန်ထွက်သွားချိန် တွင်မှသတ်ဖြတ်ထား​သောအ​လောင်းကိုတွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် နဂါးတွင်းကျေးရွာက ပြည်သူ ၄ ဦးကိုသတ်ဖြတ်ခဲ့ပြီးနောက် တပ်တည်ရွာ၊ လယ်ပြင်ကွက်ရွာများ၌ ညအိပ်ပြီး ယနေ့ (ဒီဇင်ဘာလ ၁၁ရက်နေ့)မနက်ပိုင်းကဆက်လက်ထွက်ခွါရာ အင်ပုတ်ရွာ အဝင်၌ မြို့နယ် ပြည်သူ့ကာကွယ်​ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်သဖြင့်အထိအခိုက် အကျအဆုံးများနိူင်ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။