Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ် နဂါးတွင်းရွာမှ နွားစာ​ကျွေးရန်ပြန်လာ​သောရွာသား​လေးဦးကိုစစ်​ကောင်စီတပ်သတ်ဖြတ်

“အဲဒီရွာသားတွေက နွားစာကျွေးဖို့ဆိုပြီး ရွာထဲခဏ ပြန်သွားကြရင်း အသတ်ခံလိုက်ရတာလို့ပြောတယ်။”ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းကျေးရွာမှ နွားစာကျွေးရန်ပြန်လာသည့် ​​ဒေသခံအမျိုးသားလေးဦးအား အကြမ်းဖက်စစ်ကောင်စီတပ်များက သတ်ဖြတ်ခဲ့သည်။

“အဲဒီရွာသားတွေက နွားစာကျွေးဖို့ဆိုပြီး ရွာထဲခဏ ပြန်သွားကြရင်း အသတ်ခံလိုက်ရတာလို့ပြောတယ်။”ဟု ဒီပဲယင်းဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ် နဂါးတွင်းကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြန်ထွက်သွားချိန် ရွာထဲတွင် ရွာသားလေးဦးအား လက်ပြန်ကြိုးတုပ်လျက်သတ်ဖြတ်သွားခဲ့သည်ကို သိ့ရခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မသည် ဒီဇင်ဘာလ ၈ ရက်နေ့ညနေပိုင်းက နဂါးတွင်းကျေးရွာသို့ဝင်ရောက်ကာ မိုးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်း​ကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး၊တိမ်း​ရှောင်ရာမှနွားစာ​ကြွေးရန်ရွာသို့ပြန်သွား​သော ရွာသား​လေးဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်​ကောင်စီတပ်ရွာမှပြန်ထွက်သွားချိန် တွင်မှသတ်ဖြတ်ထား​သောအ​လောင်းကိုတွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် နဂါးတွင်းကျေးရွာက ပြည်သူ ၄ ဦးကိုသတ်ဖြတ်ခဲ့ပြီးနောက် တပ်တည်ရွာ၊ လယ်ပြင်ကွက်ရွာများ၌ ညအိပ်ပြီး ယနေ့ (ဒီဇင်ဘာလ ၁၁ရက်နေ့)မနက်ပိုင်းကဆက်လက်ထွက်ခွါရာ အင်ပုတ်ရွာ အဝင်၌ မြို့နယ် ပြည်သူ့ကာကွယ်​ရေး တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်သဖြင့်အထိအခိုက် အကျအဆုံးများနိူင်ကြောင်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook