Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခန့် ဝန်ကြီးချုပ်လေးဦးနှင့် စစ်တပ်လုပ်ငန်းအဖွဲ့အစည်း သုံးခုကို အမေရိကန်ထပ်တိုး အရေးယူဒဏ်ခတ်

ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သောသူများသည် ဆက်လက်ဖြစ်ပွားနေသော ဒီမိုကရေစီအ‌ပေါ် တိုက်ခိုက်မှု နှင့်ရက်ရက်စက်စက်ဖိနှိပ်ညှဉ်းပမ်းမှုများတွင် ပါဝင်ပတ်သက်နေသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(ပြီးခဲ့သည့် မတ်လအတွင်းက ပြင်ဦးလွင်မြို့၌ ဆန္ဒပြသူများကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီခန့်ဝန်ကြီးချုပ်လေးဦးနှင့် စစ်တပ်လုပ်ငန်းအဖွဲ့အစည်းသုံးခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာသည်။

အဆိုပါပိတ်ဆို့အရေးယူမှုကို ဗြိတိန်၊ ကနေဒါတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပဲခူး၊ ကရင်၊ မန္တလေး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ ပါဝင်သည်။

ပဲခူးဝန်ကြီးချုပ် မျိုးဆွေဝင်းသည် ပြီးခဲ့သည့် ဧပြီ ၉ ရက်တွင် ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှု များအတွက် တာဝန်ရှိပြီး ယင်းအကြမ်းဖက်မှုတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အနည်းဆုံး လူ ၈၂ ဦးကို သတ်ဖြတ် ခဲ့ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

အဆိုပါသတ်ဖြတ်မှုသည် တစ်နေ့တည်းတွင် ဒုတိယသေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး ဖေဖော် ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူများကိုစစ်တပ်က စတင်နှိမ်နှင်းချိန်ကစ၍ နေရာတစ်နေတည်းတွင် တစ်ရက်တည်း အသေအပျောက်နှုန်း အများဆုံးလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သောသူများသည် ဆက်လက်ဖြစ်ပွားနေသော ဒီမိုကရေစီအ‌ပေါ် တိုက်ခိုက်မှု နှင့်ရက်ရက်စက်စက်ဖိနှိပ်ညှဉ်းပမ်းမှုများတွင် ပါဝင်ပတ်သက်နေသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့၏ ပူးပေါင်း ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် လူ့အခွင့်အရေးချိုးဖောက်သူများကို ဖော်ထုတ်တိုက်ဖျက်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်တိုးမြှင့်လုပ်ဆောင်ရေးနှင့် နိုင်ငံတကာ ဘဏ္ဍာရေး စနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ လုပ်ဆောင်ရာတွင် စုပေါင်းတပ်ဦးတစ်ရပ် ဖွဲ့စည်းစေ နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပဲခူးဝန်ကြီးချုပ် မျိုးဆွေဝင်းနှင့်အတူ ကရင်ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေး တိုင်းဝန်ကြီးချုပ် မောင်ကို၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်တို့ပါဝင်ပြီး ကာကွယ်ရေးပစ္စည်းညွှန်ကြားရေးမှူးရုံး၊ စစ်ထောက် ချုပ်ရုံးနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့တို့လည်း ဒဏ်ခတ်အရေးယူခံရသည့်စာရင်းတွင် ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က နေ့ညမပြတ် လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာအပါအဝင် ပုံစံမျိုးစုံနဲ့ စစ်ရေးအရ ဖိအားပေးလာနိုင်လို့ ဒေသခံ ပြည်သူတွေ လေကြောင်းရန် အထူးသတိထားဖို့ လိုအပ်ကြောင်း ရှမ်းမြောက်ဒေသစစ်ရေးလေ့လာသူ တဦးက တိုက်တွန်းပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဘက်ခြမ်းက ဖလူးဒေသတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်က အထိနာလျက်ရှိပြီး အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားနေသလို လက်နက်ခဲယမ်းတွေ သိမ်းရတာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၂၇) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမူးဂေက ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။