Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခန့် ဝန်ကြီးချုပ်လေးဦးနှင့် စစ်တပ်လုပ်ငန်းအဖွဲ့အစည်း သုံးခုကို အမေရိကန်ထပ်တိုး အရေးယူဒဏ်ခတ်

ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သောသူများသည် ဆက်လက်ဖြစ်ပွားနေသော ဒီမိုကရေစီအ‌ပေါ် တိုက်ခိုက်မှု နှင့်ရက်ရက်စက်စက်ဖိနှိပ်ညှဉ်းပမ်းမှုများတွင် ပါဝင်ပတ်သက်နေသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(ပြီးခဲ့သည့် မတ်လအတွင်းက ပြင်ဦးလွင်မြို့၌ ဆန္ဒပြသူများကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကောင်စီခန့်ဝန်ကြီးချုပ်လေးဦးနှင့် စစ်တပ်လုပ်ငန်းအဖွဲ့အစည်းသုံးခုကို ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အစိုးရက ကြေညာသည်။

အဆိုပါပိတ်ဆို့အရေးယူမှုကို ဗြိတိန်၊ ကနေဒါတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ပဲခူး၊ ကရင်၊ မန္တလေး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့ ပါဝင်သည်။

ပဲခူးဝန်ကြီးချုပ် မျိုးဆွေဝင်းသည် ပြီးခဲ့သည့် ဧပြီ ၉ ရက်တွင် ပဲခူးတိုင်းအတွင်း အကြမ်းဖက်မှု များအတွက် တာဝန်ရှိပြီး ယင်းအကြမ်းဖက်မှုတွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အနည်းဆုံး လူ ၈၂ ဦးကို သတ်ဖြတ် ခဲ့ကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်သည်။

အဆိုပါသတ်ဖြတ်မှုသည် တစ်နေ့တည်းတွင် ဒုတိယသေဆုံးမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး ဖေဖော် ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြသူများကိုစစ်တပ်က စတင်နှိမ်နှင်းချိန်ကစ၍ နေရာတစ်နေတည်းတွင် တစ်ရက်တည်း အသေအပျောက်နှုန်း အများဆုံးလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သောသူများသည် ဆက်လက်ဖြစ်ပွားနေသော ဒီမိုကရေစီအ‌ပေါ် တိုက်ခိုက်မှု နှင့်ရက်ရက်စက်စက်ဖိနှိပ်ညှဉ်းပမ်းမှုများတွင် ပါဝင်ပတ်သက်နေသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့၏ ပူးပေါင်း ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် လူ့အခွင့်အရေးချိုးဖောက်သူများကို ဖော်ထုတ်တိုက်ဖျက်ရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်တိုးမြှင့်လုပ်ဆောင်ရေးနှင့် နိုင်ငံတကာ ဘဏ္ဍာရေး စနစ်အတွင်း ၎င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ လုပ်ဆောင်ရာတွင် စုပေါင်းတပ်ဦးတစ်ရပ် ဖွဲ့စည်းစေ နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ပဲခူးဝန်ကြီးချုပ် မျိုးဆွေဝင်းနှင့်အတူ ကရင်ဝန်ကြီးချုပ် စောမြင့်ဦး၊ မန္တလေး တိုင်းဝန်ကြီးချုပ် မောင်ကို၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်တို့ပါဝင်ပြီး ကာကွယ်ရေးပစ္စည်းညွှန်ကြားရေးမှူးရုံး၊ စစ်ထောက် ချုပ်ရုံးနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းများအဖွဲ့တို့လည်း ဒဏ်ခတ်အရေးယူခံရသည့်စာရင်းတွင် ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။