Connect with us

Hi, what are you looking for?

သတင်း

ငဖဲ၊မန်း​ချောင်းအနီးတိုက်ပွဲစစ်သား၂ဝသေဆုံး

(CDF-အရှို မှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေ။ ဓါတ်ပုံ-CDF-Asho)

မတ်-၂၆၊၂၀၂၆။‌ဇော်ရမ်း/People’s Spring

ငဖဲမြို့နယ်၊မန်းချောင်းအနီး ကြောင်နွားသိုးဆည်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့တိုက်ပွဲမှာ စစ်သား၂ဝဦးသေဆုံးတယ်လို့ ချင်းကာကွယ်ရေးတပ်-အရှို

(CDF-Asho)က သတင်းထုတ်ပြန်ပါတယ်။

ငဖဲမြို့အနောက်ဘက်တောရကျောင်းမှာတပ်စွဲထားတဲ့ အင်အား ၅ဝ ကျော်ပါ စစ်တပ်စစ်ကြောင်းကိုCDF-အရှိုနဲ့လူ့ဘောင်သစ်တပ်မတော်(NSA)

Public Service Announcement

Public Service Announcement

တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းက မန်းချောင်းဆည်ရေပိုလွှဲအရှေ့ဘက်မီတာ ၉ဝဝ ကျော်အတွင်းယာယီတပ်စွဲထားစဉ်မတ်လ ၂၅ ရက်၊ ည ၁၂ နာရီ ၅ မိနစ်မှာစတင်တိုက်ခိုက်ခဲ့တာလို့ CDF-အရှိုကမတ်လ ၂၆ ရက်ညနေမှာ သတင်းထုတ်ပြန်ပါတယ်။စစ်သား

၂ဝဦးသေဆုံးပြီး ၅ဦးထက်မနည်းဏ်ရာရရှိသွားတယ်လို့ဖော်ပြထားပါတယ်။

ငဖဲမြို့နယ်မှာရှိတဲ့ နတ်ရေကန်ဗျူဟာအနီးမှာလည်းတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ရဲ့စစ်

ကြောင်းတွေကို အာရက္ခတပ်တော်(AA)နဲ့အတူ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ CDF-Asho နဲ့ မဟာမိတ်တွေကပူးပေါင်းတိုက်

ခိုက်နေကြတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ