Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီဝယ်ခွင့်ကန့်သတ်ချက်မျိုးစုံကြားက စျေးကလည်းစံချိန်တင်တက်နေ

စက်သုံးဆီဈေး စံချိန်တင်မြင့်တက်နေပေမယ့် စက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီသူ‌တွေနဲ့ ကြိတ်ကြိတ်တိုးတန်းစီနေဆဲဖြစ်ပါတယ်။

မတ် ၂၇ ရက်မနက်ပိုင်းက ရန်ကုန်မြို့ရှိဆီဆိုင်တဆိုင်မှာတန်းစီနေတဲ့ကားတွေကို တွေ့ရစဥ်။ ဓာတ်ပုံ- People's Spring

မတ်-၂၇၊၂၀၂၆။ရောင်နီ/ People’s Spring

စက်သုံးဆီဈေး စံချိန်တင်မြင့်တက်နေပေမယ့် စက်သုံးဆီဆိုင်တွေမှာ ဆီတန်းစီသူ‌တွေနဲ့ ကြိတ်ကြိတ်တိုးတန်းစီနေဆဲဖြစ်ပါတယ်။

ဒီနေ့(မတ် ၂၇) မှာ စက်သုံးဆီဈေးက သမိုင်းတစ်လျှောက်အမြင့်ဆုံးစံချိန်တင်နေပြီး ဓာတ်ဆီ 92 တစ်လီတာ ၄,၄၅၀ ကျပ်၊ ဓာတ်ဆီ 95 တစ်လီတာ ၄,၉၇၅ကျပ်၊ ဒီဇယ်ဆီ တစ်လီတာ ၅,၄၅၀ကျပ်နဲ့ ပရီမီယံဒီဇယ် ၆,၀၈၅ ကျပ် အထိရှိနေတာပါ။

စစ်ကောင်စီရဲ့ စက်သုံးဆီရည်ညွှန်းစျေးက လေးပတ်ဆက် မြင့်တက်နေတာဖြစ်ပြီး တစ်လအတွင်း သတ်မှတ်စျေးကြားမှာ တစ်လီတာ ကျပ် ၂၁၀၀ ကနေ ၃၂၀၀ ကျော်အထိ မြင့်တက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒါပေမယ့်လည်း စက်သုံးဆီဆိုင်တွေမှာတော့ ဆီတန်းစီသူတွေ အများအပြားရှိနေပြီး ဆီ‌ဆိုင်ရှိတဲ့လမ်းတွေမှာ လမ်းတွေ ပိတ်သွားသည်အထိများပြားနေတာပါ။

စစ်ကောင်စီက စက်သုံးဆီဝယ်ယူမှုနဲ့ပတ်သက်ပြီး အင်ဂျင်ပါဝါအလိုက် တစ်ပတ်အတွင်း ဝယ်ယူနိုင်မယ့်ပမာဏတွေကိုလည်း မနေ့က(မတ်၂၆) ထုတ်ပြန်ထားပါတယ်။

စက်သုံးဆီဆိုင်တွေမှာ ဒီနေ့ဆီရောင်းတာက မနေ့ကစစ်ကောင်စီထုတ်ပြန်ထားတဲ့ ကိုတာအတိုင်း ရောင်းပေးတယ်လို့ ယာဉ်ပိုင်ရှင်တွေကပြောပါတယ်

အရှေ့အလယ်ပိုင်းတိုက်ပွဲတွေကြောင့် နိုင်ငံအများစုမှာ စက်သုံးဆီလိုအပ်ချက်မြင့်မားနေတာဖြစ်ပြီး စစ်ကောင်စီကတော့ အရန်စက်သုံးဆီ ရက် ၅၀ စာရှိနေသလို ဆီသင်္ဘောတွေလည်းဝင်ရောက်ဖို့ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေအနေနဲ့တော့ စစ်ကောင်စီရဲ့ သတ်မှတ်ချက်တွေကြောင့် အဆင်မပြေမှုတွေကြုံနေရပြီး ညအချိန်ကတည်းက ဆီဆိုင်တွေမှာ တန်းစီဝယ်ယူနေကြရတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အသုပ်စုံ ဆိုတာနဲ့ မိတ်ဆွေတို့က ခေါက်ဆွဲ၊ကြာဇံ၊တို့ဟူး၊အာလူး စတဲ့အရာတွေကို ရောထွေးပြီး သုပ်ထားတဲ့ စားစရာလို့ မြင်မိကြမှာပါ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စက်သုံးဆီဆိုင်အချို့ ခွဲတမ်းအတိုင်း ရောင်းချမပေးလို့ဆိုပြီး စက်သုံးဆီဝယ်ယူသူတွေနဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်တွင်းစက်သုံးဆီဈေး သုံးပတ်ဆက် ဈေးကျပေမယ့် ဈေးနှုန်းက သိသိသာသာလျော့နည်းသွားတာတော့ မရှိသေးဘူးလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။