Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားနဲ့ တခြားအခြေခံ အဆောက်အအုံတွေ တိုက်ခိုက်ခံရကြောင်းနဲ့ လက်တုံ့ပြန်မှာဖြစ်ကြောင်း အီရန်ပြော

နိုင်ငံရဲ့ နျူကလီးယား စက်ရုံအပါအဝင် အခြေခံ အဆောက်အအုံတွေကို အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီအတွက် လက်တုံ့ပြန်မှာဖြစ်ကြောင်း အီရန်က ပြောကြားခဲ့ပါတယ်။

နိုင်ငံရဲ့ နျူကလီးယား စက်ရုံအပါအဝင် အခြေခံ အဆောက်အအုံတွေကို အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီအတွက် လက်တုံ့ပြန်မှာဖြစ်ကြောင်း အီရန်က ပြောကြားခဲ့ပါတယ်။

အစ္စရေး စစ်တပ်ကလည်း မတ်လ ၂၇ ရက်နေ့တုန်းက အီရန်နိုင်ငံ အလယ်ပိုင်း၊ ယက်ဇ်ဒ်မြို့ထဲမှာရှိတဲ့ ယူရေနီယမ် သန့်စင်တဲ့ စက်ရုံတစ်ခုကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုထားပါတယ်။ အဲဒီ စက်ရုံဟာ အီရန်ရဲ့ နျူကလီးယား နည်းပညာ ကဏ္ဍမှာ ထူးကဲတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်နေကြောင်း အစ္စရေး လေတပ်က ဆိုပါတယ်။

အီရန်ရဲ့ အနုမြူစွမ်းအင် အဖွဲ့ကြီးကလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုကို အတည်ပြုခဲ့ပြီး ထိခိုက်သေဆုံးမှုနဲ့ ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ဘူရီဟာ နျူကလီးယား စက်ရုံအနီးကို ရန်သူ့ခဲယမ်းမီးကျောက် ကျရောက်ခဲ့ကြောင်း၊ ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုကြောင့် လူထိခိုက် သေကြေမှု၊ ငွေကြေးအရ ဆုံးရှုံးမှု၊ နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုတွေ မရှိခဲ့ဘူးလို့ အနုမြူ စွမ်းအင် အဖွဲ့ကြီးက ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

မတ်လ ၂၇ ရက်နေ့ဟာ အစ္စရေးက အမေရိကန်နဲ့ ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်မှု သီတင်းလေးပတ်တိတိ ပြည့်မြောက်တဲ့ ကာလလည်း ဖြစ်ပါတယ်။

အဲဒီနေ့မှာ အစ္စရေးက ဖြန့်ကျက် လုပ်ဆောင်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေထဲမှာတော့ ကွန်ဒက်ဘ်မှာ တည်ရှိပြီး နျူကလီးယား ဓာတ်ပေါင်းဖိုတွေအတွက် လိုအပ်တဲ့ heavy water ထုတ်လုပ်တဲ့ စက်ရုံတစ်ခုနဲ့ သံမဏိ စက်ရုံနှစ်ခုတို့လည်း ပစ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး အဘက်စ် အာရက်ချီက နိုင်ငံရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေကို အခုလို တိုက်ခိုက်ခဲ့တဲ့ လုပ်ရပ်မျိုးအတွက် အစ္စရေးဟာ ကျိန်းသေပေါက် ပေးဆပ်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

အီရန်ရဲ့ အကြီးဆုံး သံမဏိ စက်ရုံနှစ်ခု၊ ဓာတ်အားပေး စက်ရုံတစ်ခုနဲ့ အရပ်ဖက်သုံး နျူကလီးယား အဆောက်အအုံတွေကို အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း၊ အဲဒီအတွက် အစ္စရေးဟာ တန်ဖိုးကြီးကြီးမားမား သေချာပေါက် ပေးဆပ်ရမှာဖြစ်ကြောင်း သူက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

မတ်လ ၂၇ ရက်နေ့က အီရန်ရဲ့ မြို့တော် တဟီရန်အပြင် ကုမ်၊ ကာရှန်နဲ့ အာဝက်ဇ်မြို့တွေလည်း အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ခံခဲ့ရပါတယ်။ ကုမ်မြို့ထဲမှာတော့ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပါတယ်။

စစ်ပွဲစတင်လာချိန် ကတည်းက အီရန်မှာ အစ္စရေးနဲ့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သား အများစု အပါအဝင် လူပေါင်း ၁၉၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့လည်း အီရန်အစိုးရက ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ပြတိုက်တွေနဲ့ သမိုင်းအမွေအနှစ်ဆိုင်ရာ အဆောက်အအုံ ၁၂၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ကြေညာထားပါတယ်။

ကိုးကား: Al Jazeera
ဓာတ်ပုံ – Getty, Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ပြေငြိမ်းရေး သဘောတူညီမှုရဖို့ အမေရိကန်က အီရန်မှာ ဒေါ်လာ ၃၀၀ ဘီလီယံ ရင်းနှီးမြှုပ်နှံပေးရမယ်ဆိုတာ မဟုတ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။