Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမြို့မှာ လူသတ်ပြီး အလောင်းကို ဆာလာအိတ်ထဲထည့် စွန့်ပစ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာ မနေ့(ဧပြီလ ၅ ရက်) ညနေပိုင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း တစ်လောင်းကိုတွေ့ခဲ့ရတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်​။

မြစ်ကြီးနားမြို့တွင်းတစ်နေရာ (ပုံဟောင်း) ဓာတ်ပုံ - ဝီကီ

ဧပြီ – ၆ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်မှာ မနေ့(ဧပြီလ ၅ ရက်) ညနေပိုင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်း တစ်လောင်းကိုတွေ့ခဲ့ရတယ်လို့ မြို့ခံအချို့ဆီကသိရပါတယ်​။

အေးမြသာယာရပ်ကွက်၊ လမ်းသွယ် (၁၃) မှာ မနေ့ ညနေပိုင်းက လည်ပင်းနဲ့ ဝမ်းဗိုက်တို့မှာ ဓားဒဏ်ရာတွေရထားတဲ့ အမျိုးသားရုပ်အလောင်းကို ဆာလာအိတ်ထဲထည့်ပြီး စွန့်ပစ်ထားတာကိုတွေ့ရတာပါ။

“တခြားနေရာမှာ သတ်ပြီးတော့ အလောင်းကို လာပစ်သွားတဲ့ သဘောမျိုး”လို့မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူဟာ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဘာကြောင့် သတ်ဖြတ်ခံရတယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။

သေဆုံးသူရဲ့ ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတစ်ဖွဲ့ က မြစ်ကြီးနားဆေးရုံကြီးဆီ ပို့ဆောင်ထားပါတယ်။ ဒါပေမယ့် သတ်ဖြတ်မှုကျုးလွန်သူတွေကို ဖမ်းမိတဲ့ သတင်းမျိုးမကြားရသေးဘူးလို့မြို့ခံဆီကသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ အစောပိုင်းတုန်းကလည်း မြစ်ကြီးနားမြို့၊ အေးမြ သာယာရပ်ကွက် သံလမ်းအနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို မြိုခံတွေ တွေ့ခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

"အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ ကျွန်တော် နေပြည်တော် ကားအငှားဝန်ဆောင်မှုနဲ့ ကားမောင်းသင်တန်းက ကိုဝင်းပါ။ အခုကတော့ ကျွန်တော် ဘယ်ရောက်နေလဲဆိုတော့ မန္တလေး တံတားဦးကို ရောက်နေတာဖြစ်ပါတယ်ခင်ဗျာ"

သတင်း

စလော့ဂိမ်းကစားပြီးငွေလိုနေတဲ့လူငယ်တစ်ဦးက သူငယ်ချင်းရဲ့မိခင်ဖြစ်သူကို သတ်ဖြတ်ပြီး ​ရွှေ​​ငွေနဲ့အဖိုးတန် ပစ္စည်း​​တွေကိုခိုးယူမှု ရန်ကုန်မြို့မှာဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား မောင်နှမနှစ်ဦး အသတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နစ်နာသူ မိသားစုကို ထိုင်းဝန်ကြီးချုပ်က စာနာဝမ်းနည်းကြောင်း ပြောကြားခဲ့သလို ရုရှားပြည်သူတွေနဲ့ ရုရှား ကမ္ဘာလှည့် ခရီးသည်တွေကို ရည်စူးပြီး တောင်းပန်စကားလည်း ဆိုခဲ့ပါတယ်။