Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများ ကမ္ဘာ့နိုင်ငံများတွင် ပြုလုပ်

အဆိုပါ ဆန္ဒပြပွဲများတွင် အဝေးရောက်မြန်မာများသာမက နိုင်ငံခြားသားများလည်းပါဝင်သည်ကိုတွေ့ရသည်။

(နယူး​ရောက်မြို့တွင် ယ​နေ့ ဆန္ဒပြ​တောင်းဆို​နေ​သော မြန်မာနိုင်ငံသားများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

အကြမ်းဖက်စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုများကို နိုင်ငံ ၅ နိုင်ငံရှိ အနည်းဆုံး မြို့ ၇ခုတွင် ပြုလုပ်ခဲ့ကြပြီး မြန်မာပြည်ကို ကယ်တင်ရန် တောင်းဆိုခဲ့ကြသည်။

‘မြန်မာပြည်ကို ကယ်တင်ဖို့ စစ်အကြမ်းဖက်မှုကို ရပ်တန့်စို့’ ကြွေးကြော်သံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာလူ့အခွင့်အရေးသပိတ်များကို ဒီဇင်ဘာ ၁၁၊ ၁၂ ရက်များတွင် ဩစတြေးလျ၊ နယူးဇီလန်၊ အီတလီ၊ အမေရိကန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများ၌ ပြည်ပရောက်မြန်မာများဦးဆောင် ပြုလုပ်ခဲ့ကြသည်။

‘ကုလသမဂ္ဂက NUG ကို လက်ခံရန်၊ စစ်တပ်ကို ငြင်း ပယ်ရန်’ ၊ ‘NUG က မြန်မာပြည်သူများ၏ တရားဝင်အစိုးရဖြစ်ပြီး ကြားဖြတ်အစိုးရမဟုတ်’ ၊ ‘ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာရန်’ ၊ ‘လူမဆန်ရက်စက်မှုတွေကို ရပ်တန့်ရေး စစ်တပ်ကို ငြင်းပယ်ရန်’ ၊ ‘ဒီမိုကရေစီကို ကယ်တင်ရေး NUG ကို အသိအမှတ်ပြုရန်’ စသည့် ပိုစတာများကို ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။

ထို့အပြင် တောင်ကိုရီးယား၌ ‘ကမ္ဘာမကြေဘူး’ သီချင်းအပါအဝင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်ကြွေး ကြော်သံများဖြင့် မြို့အတွင်း လှည့်လည်လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆန္ဒပြပွဲများတွင် အဝေးရောက်မြန်မာများသာမက နိုင်ငံခြားသားများလည်းပါဝင်သည်ကိုတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook