Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးက ဝဲကြီးရွာဆိပ်ကမ်း စစ်တပ် ဗုံးကြဲ၊ ကလေးငယ်နဲ့မိခင် ထိမှန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ−၉၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၈ရက် မနေ့က နေ့ခင်း ၂နာရီခန့်မှာ မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေ Paramoter (စက်တပ်လေထီး)နဲ့ ဝဲကြီးရွာဆိပ်ကမ်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဗုံးကြဲခံရမှုအတွင်း တခြားကျေးရွာက စက်လှေပို့တဲ့အလုပ်ကို လာရောက်လုပ်ကိုင်နေတဲ့ အသက် (၃၀‌)အရွယ်မိခင်ဖြစ်သူနဲ့ (၂)လသားအရွယ် သားဖြစ်သူတို့ ထိမှန် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဒဏ်ရာတွေ ကတော်တော် များတယ်ဗျ။ကလေးကလည်းစိုးရိမ်ရတယ်”လို့ ချင်းတွင်းဒိုင်းနမိုက် ဒေသကာကွယ်‌ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မိခင်နဲ့က လေးငယ်ကို ဆေးရုံပို့ထားပြီး နောက်ဆက်တွဲအခြေ‌‌အနေကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စက်သုံးဆီသယ်ယူပို့ ဆောင်နိုင်တဲ့ ဆိပ်ကမ်းနဲ့ နေရာတွေလည်း စစ်တပ်က ဗုံးကြဲတာ တွေလိုက်လံ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စစ်တပ်က မနေ့ကလည်း ရွှေဘိုမြို့နယ်အနောက်ခြမ်းက ငါးဆူကုန်းရွာကို လေယာဉ်နဲ့ ဗုံးကြဲသွားတာမို့ နေအိမ်တွေပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။