Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ရေးကိစ္စ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အတည်ပြု

လက်ဘနွန်မှာ အစ္စရေးက လုပ်ဆောင်နေတဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ရပ်ဆိုင်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံမှာ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။

လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းက လာမယ့် သီတင်းပတ်ကျရင် ဝါရှင်တန်ဒီစီ မြို့မှာ အစ္စရေးနဲ့ လက်ဘနွန် ကိုယ်စားလှယ်တွေ တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်း အစ္စရေးဟာ လက်ဘနွန်မှာ ရှိနေတဲ့ အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာတွေနဲ့ပါ စစ်ဖြစ်ခဲ့ပါတယ်။ အီရန်မှာ လောလောဆယ် နှစ်ပတ်ကြာ အပစ်ရပ်ထားပေမယ့် အစ္စရေးကတော့ လက်ဘနွန်က စစ်ဆင်ရေးတွေကို ဆက်လက် ဆင်နွှဲနေခဲ့ပါတယ်။

ဧပြီ ၁၀ ရက်နေ့မှာတော့ အွမ်းက အမေရိကန် အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ လက်ဘနွန်နဲ့ အစ္စရေး သံအမတ်တွေဟာ စစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဖုန်းဆက် စကားပြောဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ဖုန်းဆက် ဆွေးနွေးမှုတွေအရ ဧပြီ ၁၄ ရက်နေ့ကျရင် နှစ်နိုင်ငံ အပစ်ရပ်ရေးကိစ္စ ကြေညာနိုင်ဖို့ တွေ့ဆုံကြမှာ ဖြစ်ကြောင်း၊ အဲဒီ ဆွေးနွေးမှုကို အမေရိကန်က ကြားခံ ညှိနှိုင်းပေးမှာဖြစ်ကြောင်း သူက အတည်ပြုခဲ့ပါတယ်။

လက်ဘနွန် အစိုးရ အရာရှိ တစ်ဦးကတော့ အစ္စရေးနဲ့ ဘယ်လို ဆွေးနွေးမှုမျိုးမှ မစတင်ခင် ကတည်းက လက်ဘနွန် အနေနဲ့ အပစ်အခတ် ရပ်စဲရေးကို အရင်ဆုံး လိုလား တောင်းဆိုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဧပြီ ၁၀ ရက် အစောပိုင်းမှာတော့ ဟစ်ဇ်ဘိုလာ အကြီးအကဲ နီယမ် ကာဆမ်က လက်ဘနွန် အစိုးရ အနေနဲ့ အစ္စရေး တောင်းဆိုသမျှ လိုက်လျော အလျှော့ပေးနေတာမျိုး မလုပ်ဖို့ တောင်းဆိုခဲ့ပြီး သူ့ရဲ့ အဖွဲ့ကတော့ နောက်ဆုံးထွက်သက်ထိ အစ္စရေးကို ဆန့်ကျင်နေမယ်လို့ ပြောကြားခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေက အစ္စရေး-လက်ဘနွန် တိုက်ရိုက် ဆွေးနွေးမယ့် အစီအစဉ်ကို ကန့်ကွက်ထားပြီး အဲဒီအစား အစ္စရေး မြေပြင်တပ်တွေက လက်ဘနွန် ပိုင်နက်ထဲကနေ အရင်ဆုံး ဆုတ်ခွာဖို့လိုကြောင်း တောင်းဆိုထားပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ တိုက်ရိုက် သံတမန် ဆက်သွယ်ရေး မရှိပါဘူး။ အမေရိကန် နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး ယီချဲလ် လိုင်တာက လက်ဘနွန် အစိုးရနဲ့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစ္စရေးက သဘောတူထားကြောင်း၊ ဒါပေမဲ့ အစ္စရေးကို ဆက်လက် တိုက်ခိုက်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်း ဟစ်ဇ်ဘိုလာနဲ့ ဆွေးနွေးဖို့ကိုတော့ အစ္စရေးက လက်မခံနိုင်ကြောင်း၊ ဒီကိစ္စကပဲ နှစ်နိုင်ငံ ညှိနှိုင်းမှုတွေမှာ အဓိက ပြဿနာ ဖြစ်လာနိုင်ကြောင်း ပြောကြားသွားပါတယ်။

နိုင်ငံပိုင်နက်ထဲမှာ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးကြောင့် လူ ၂၀၀၀ ဝန်းကျင်လောက် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ အီရန်မှာ အပစ်ရပ် သဘောတူညီမှု စတင်အသက်ဝင်တဲ့ ဧပြီ ၈ ရက် တစ်နေ့တည်းမှာတင် အစ္စရေး လက်ချက်ကြောင့် သေဆုံးသူ ၃၅၇ ဦး ရှိခဲ့ကြောင်း လက်ဘနွန် အာဏာပိုင်တွေက ကြေညာထားပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – The New York Times

ဓာတ်ပုံ - The New York Times

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မဲမသမာမှု၊ မဲခိုးမှုတွေကြောင့်သာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အစ္စရေး ရွေးကောက်ပွဲမှာ ပြတ်ပြတ်သားသား အနိုင်မရခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ပါတီက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ကနဦး မဲရေတွက်မှု ရလဒ်တွေအရ အစ္စရေး ရွေးကောက်ပွဲဟာ ကြိုတင် မျှော်လင့်ထားတဲ့အတိုင်း တိတိကျကျ အဖြေမပေါ်ဘဲ ကျဉ်းထဲကျပ်ထဲ အခြေအနေမျိုး ကြုံလာမယ့် ရလဒ်ဆီ ဦးတည်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အောက်တိုဘာ ၂၇ ရက်နေ့မှာ ကျင်းပမယ့် အစ္စရေး ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အာဏာလက်လွတ် ဆုံးရှုံးသွားနိုင်တယ်လို့ ထင်ကြေးတွေ ထွက်ပေါ်နေပေမယ့် အတိုက်အခံတွေ ဖက်မှာလည်း အစိုးရ ဖွဲ့နိုင်လောက်အောင် ရှင်းလင်းတဲ့ အင်အားစုမျိုး မတွေ့ရသေးပါဘူး။ ရွေးကောက်ပွဲ နီးကပ်လာခဲ့တဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း...

နိုင်ငံတကာ

အစ္စရေး ခရီးသည် အများစု လိုက်ပါလာတဲ့ လေယာဉ်ကို အနုကြမ်းစီးဖို့ အားထုတ်မှုမှာ တိုက်ခိုက်သူဟာ အစ္စရေးရဲ့ အကြီးဆုံး နိုင်ငံတကာ လေဆိပ်ထဲ လေယာဉ်ကို ထိုးဆင်းပြီး ဖောက်ခွဲဖို့ ကြံစည်ထားခဲ့ကြောင်း စုံစမ်းရေး အရာရှိတွေက ပြောကြားခဲ့ပါတယ်။