Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အပစ်ရပ်ရေးကိစ္စ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အတည်ပြု

လက်ဘနွန်မှာ အစ္စရေးက လုပ်ဆောင်နေတဲ့ စစ်ရေးတိုက်ခိုက်မှုတွေ ရပ်ဆိုင်းနိုင်ရေးအတွက် အမေရိကန် နိုင်ငံမှာ အစ္စရေးနဲ့ ဆွေးနွေးမယ်လို့ လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။

လက်ဘနွန် သမ္မတ ဂျိုးဆက်အွမ်းက လာမယ့် သီတင်းပတ်ကျရင် ဝါရှင်တန်ဒီစီ မြို့မှာ အစ္စရေးနဲ့ လက်ဘနွန် ကိုယ်စားလှယ်တွေ တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲအတွင်း အစ္စရေးဟာ လက်ဘနွန်မှာ ရှိနေတဲ့ အီရန် မဟာမိတ် ဟစ်ဇ်ဘိုလာတွေနဲ့ပါ စစ်ဖြစ်ခဲ့ပါတယ်။ အီရန်မှာ လောလောဆယ် နှစ်ပတ်ကြာ အပစ်ရပ်ထားပေမယ့် အစ္စရေးကတော့ လက်ဘနွန်က စစ်ဆင်ရေးတွေကို ဆက်လက် ဆင်နွှဲနေခဲ့ပါတယ်။

ဧပြီ ၁၀ ရက်နေ့မှာတော့ အွမ်းက အမေရိကန် အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ လက်ဘနွန်နဲ့ အစ္စရေး သံအမတ်တွေဟာ စစ်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ဖုန်းဆက် စကားပြောဖြစ်ခဲ့ကြောင်း ပြောပါတယ်။ ဖုန်းဆက် ဆွေးနွေးမှုတွေအရ ဧပြီ ၁၄ ရက်နေ့ကျရင် နှစ်နိုင်ငံ အပစ်ရပ်ရေးကိစ္စ ကြေညာနိုင်ဖို့ တွေ့ဆုံကြမှာ ဖြစ်ကြောင်း၊ အဲဒီ ဆွေးနွေးမှုကို အမေရိကန်က ကြားခံ ညှိနှိုင်းပေးမှာဖြစ်ကြောင်း သူက အတည်ပြုခဲ့ပါတယ်။

လက်ဘနွန် အစိုးရ အရာရှိ တစ်ဦးကတော့ အစ္စရေးနဲ့ ဘယ်လို ဆွေးနွေးမှုမျိုးမှ မစတင်ခင် ကတည်းက လက်ဘနွန် အနေနဲ့ အပစ်အခတ် ရပ်စဲရေးကို အရင်ဆုံး လိုလား တောင်းဆိုမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဧပြီ ၁၀ ရက် အစောပိုင်းမှာတော့ ဟစ်ဇ်ဘိုလာ အကြီးအကဲ နီယမ် ကာဆမ်က လက်ဘနွန် အစိုးရ အနေနဲ့ အစ္စရေး တောင်းဆိုသမျှ လိုက်လျော အလျှော့ပေးနေတာမျိုး မလုပ်ဖို့ တောင်းဆိုခဲ့ပြီး သူ့ရဲ့ အဖွဲ့ကတော့ နောက်ဆုံးထွက်သက်ထိ အစ္စရေးကို ဆန့်ကျင်နေမယ်လို့ ပြောကြားခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေက အစ္စရေး-လက်ဘနွန် တိုက်ရိုက် ဆွေးနွေးမယ့် အစီအစဉ်ကို ကန့်ကွက်ထားပြီး အဲဒီအစား အစ္စရေး မြေပြင်တပ်တွေက လက်ဘနွန် ပိုင်နက်ထဲကနေ အရင်ဆုံး ဆုတ်ခွာဖို့လိုကြောင်း တောင်းဆိုထားပါတယ်။

အစ္စရေးနဲ့ လက်ဘနွန်တို့ဟာ တိုက်ရိုက် သံတမန် ဆက်သွယ်ရေး မရှိပါဘူး။ အမေရိကန် နိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး ယီချဲလ် လိုင်တာက လက်ဘနွန် အစိုးရနဲ့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစ္စရေးက သဘောတူထားကြောင်း၊ ဒါပေမဲ့ အစ္စရေးကို ဆက်လက် တိုက်ခိုက်နေတဲ့ အကြမ်းဖက် အဖွဲ့အစည်း ဟစ်ဇ်ဘိုလာနဲ့ ဆွေးနွေးဖို့ကိုတော့ အစ္စရေးက လက်မခံနိုင်ကြောင်း၊ ဒီကိစ္စကပဲ နှစ်နိုင်ငံ ညှိနှိုင်းမှုတွေမှာ အဓိက ပြဿနာ ဖြစ်လာနိုင်ကြောင်း ပြောကြားသွားပါတယ်။

နိုင်ငံပိုင်နက်ထဲမှာ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို အစ္စရေးက တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးကြောင့် လူ ၂၀၀၀ ဝန်းကျင်လောက် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ အီရန်မှာ အပစ်ရပ် သဘောတူညီမှု စတင်အသက်ဝင်တဲ့ ဧပြီ ၈ ရက် တစ်နေ့တည်းမှာတင် အစ္စရေး လက်ချက်ကြောင့် သေဆုံးသူ ၃၅၇ ဦး ရှိခဲ့ကြောင်း လက်ဘနွန် အာဏာပိုင်တွေက ကြေညာထားပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – The New York Times

ဓာတ်ပုံ - The New York Times

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန် စစ်ပွဲရဲ့ ဂယက်ကြောင့် ဥရောပမှာ ဖြန့်ကျက်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေအတွက် ဒုံးခွင်းဒုံးတွေ စိုးရိမ်စရာ အဆင့်မျိုးထိ လျော့နည်းလာတာကို အမေရိကန် စစ်တပ်က ကြုံတွေ့နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။