Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က စစ်မှုထမ်းသင်တန်းဆင်းတွေကိုနဖူးနဲ့ပါးမှာ တက်တူးထိုးပြီး ရှေ့တန်းပို့နေ

ပန်းတောင်းမြို့က ကပစ(၁၆) ရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့စစ်မှုထမ်းသင်တန်းဆင်းတွေက ရှေ့တန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်မှုတွေကို အာရက္ခတပ်တော်(AA)ထံထုတ်ဖော်ဝန်ခံထားပါတယ်။

AA ထံအလင်းဝင်တဲ့စစ်သား​တွေ နဲ့ နဖူးမှာ တက်တူးထိုးခံရတဲ့ ​ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲ​ရောက်တဲ့စစ်သား​တွေ ။ဓါတ်ပုံ-AA Info Desk

ဧပြီ-၁၁၊၂၀၂၆။ကဖေး/People’s Spring

ပန်းတောင်းမြို့က ကပစ(၁၆) ရဲ့ ကာကင်းစခန်းတွေကနေ ထွက်ပြေးလာတဲ့စစ်မှုထမ်းသင်တန်းဆင်းတွေက ရှေ့တန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ နှိပ်စက်မှုတွေကို အာရက္ခတပ်တော်(AA)ထံထုတ်ဖော်ဝန်ခံထားပါတယ်။

စစ်တပ်က ရန်ကုန်နဲ့ မန္တလေးအပါအဝင် မြို့နယ်အချို့ကနေ ပေါ်တာဆွဲပြီး ကပစ(၁၆) စစ်မြေပြင်ကို ပို့လိုက်သူတွေက ထွက်ပြေးလာပြီး အလင်းဝင်လာကြတာပါ။ ထွက်ပြေးလာတဲ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေရဲ့ထုတ်ဖော်ဝန်ခံချက်ကို AAက ဧပြီလ၁၁ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

ထွက်ပြေးသူတွေကို ပြန်ဖမ်းပြီးတပ်ရင်းနံပတ်တွေကို နဖူးမှာတက်တူးထိုးပြီး ပါးမှာစစ်ပြေးလို့ တက်တူးထိုးခံရတယ်လို့ အလင်းဝင်စစ်မှုထမ်းတွေက ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်​တော်တို့ကို အိမ်လည်းပြန်လို့မရ​အောင် ၊အိမ်မှာလည်း ​နေလို့မရအောင် ဒီလိုမျိုး​တွေထိုး​ပေးထားတာဖြစ်ပါတယ် ။ဒီလိုတပ်ရင်းနမည်​တွေထိုးလိုက်​တော့သူတို့လည်းအလွယ်တကူဖမ်းရတယ်။

ကျွန်​တော်တို့ကိုလည်း မြို့​ပေါ်မှာအလွယ်တကူ​နေမရ​အောင် ထိုင်လို့မရ​အောင်ကျွန်​တော်တို့ကိုလုပ်ပါတယ် ။​နောက်ထပ် ထွက်မ​ပြေး​အောင်လည်း​ရှေ့ပွိုင့်ကိုပို့လိုက်ပါတယ်”လို့ မန္တ​လေးမြို့ မှာ​ပေါ်တာဆွဲခံရပြီး စစ်ထဲ​ရောက်ကာ ထွက်​ပြေးလို့ဆိုပြီးစစ်တပ်က နဖူးမှာ တပ်ရင်းအမည်​တက်တူးရေးထိုး​ပေးခံရတဲ့ တပ်သား​​ကျော်မိုးဝင်းက​ပြောပါတယ် ။

ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းနယ်စပ်ထွက်ပေါက်မှာ စစ်ရေးအရ အဓိကကျတဲ့ ပန်းတောင်းမြို့က ၆၆၆ ပွိုင့်ကုန်းကို AAနဲ့မဟာမိတ်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ရက်မှာသိမ်းယူခဲ့ပါတယ်။ အဲ့ဒီနောက် ကပစ(၁၆)ကို ဦးတည်ပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်။

ပန်းတောင်းမြို့နယ်ဟာ AAသိမ်းယူထားတဲ့တောင်ကုတ်မြို့နယ် နဲ့ ဆက်စပ်နေပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမတိုင်ခင်လာအနည်းငယ်အကြာကတည်းက တောင်ကုတ်မြို့ကိုပြန်သိမ်းမယ်လို့ ကြွေးကြော်ပြီး ပဲခူးတိုင်းဘက်ကနေ စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ရှုံးပြီးအဓိကစခန်းတွေကိုပါထပ်မံဆုံးရှုံးနေသလို တိုက်ပွဲတွေက ကပစ(၁၆)အနီးအထိ ရောက်ရှိလာတာဖြစ်ပါတယ်။

လက်ရှိမှာ ကပစ(၁၆)ရှိတဲ့ မသုန်ရွာအနီးနဲ့ ပန်းကန်ကွဲရွာ၊ ညောင်ကျိုးကျေးရွာပတ်ဝန်းကျင် တွေမှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။စစ်ကောင်စီကလေကြောင်းကနေနေ့စဉ် ဗုံးကြဲပြီး ခုခံနေတယ်လို့ သတင်းရရှိပါတယ်။

စစ်မှုထမ်းဥပဒေအကြောင်းပြပြီးမတရားဖမ်းဆီးခံထားရတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ အလင်းဝင်ကြဖို့နဲ့ လိုအပ်တာအကူအညီပေးမယ်လို့ AAနဲ့ မဟာမိတ်တွေကသတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။