ဧပြီ-၁၇၊၂၀၂၆ ။သော်မွန်၊ရဲခေါင်/People’s Spring
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သတင်းမျိုးစုံထွက်နေပေမယ့် တရားဝင်သတင်း ဘာမှ မသိရသေးဘူးလို့ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွှန့်ကပြောကြားပါတယ်။
“ကျွန်တော်တို့လုံးဝကို မသိရသေးဘူး(ဒေါ်အောင်ဆန်းစုကြည်ကိစ္စ)ဘယ်မှာရောက်နေလဲ သတင်းအစ အနတောင်မရပါဘူး။နဂိုအနေအထားအတိုင်းပဲလို့ ယူဆရတယ်” လို့ ဦးမျိုးညွှန့်ကပြောပါတယ်။
ဒါအပြင်NLD သဘာပတိ ဦးဝင်းထိန်ပြန်လွတ်တယ်လို့လည်းဖုန်းသတင်းသာကြားရပြီး လူကိုယ်တိုင်တွေ့ပြီးအတည်မပြုနိုင်သေးဘူးလို့ဆင်ပြောပါတယ် ။

Public Service Announcement
“ဖုန်းသတင်းပေါ့ဗျာ။အန်ကယ်ဥိးဝင်းထိန်လွတ်တယ်ကြားပါတယ်။ကျန်တဲ့ဟာတွေတော့ သတင်းတွေတခုမှ မကြားရသေးပါဘူး။”လို ဒီချုပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ။
လူထုခေါင်းဆောင်နဲ့ပါတီခေါင်းဆောင်တွေအခြေအနေသိရဖို့နေပြည်တော်ကိုသွားနေတယ်လို့လည်း ဦးမျိုးညွှန့်ကဆက်ပြောပါတယ် ။
“သမ္မတကြီးကျန်းမာရေးက ကောင်းပါတယ်။စိတ်ကိုလူရော ကျန်းကျန်းမာမာနဲ့ပါ။”လို့သမ္မတဦးဝင်းမြင့်ရဲကျန်းမာရေးအခြေအနေကိုပြောပါတယ် ။
ဒါကြောင့် ကနဦးသတင်းဖော်ပြချက်မှာ
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်နေအိမ်သို့ စစ်တပ်က ပို့မယ်လို့သိရတယ်လို့ NLD ပါတီဘက်ကသတင်းရင်းမြစ်ပြောတဲ့သတင်းကိုပြင်ဆင်
ဖတ်ရှူပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ် ။ အလားတူ NLD ဝန်ကြီးချုပ် ၄ ဦးပြန်လွတ်တယ်ဆိုတဲ့သတင်းတွေဟာလည်း သတင်းရင်းမြစ်တွေကပြောပေမယ့် အတည်မပြုနိုင်သေးပါဘူး။
“ကျွန်တော်တို့က နေပြည်တော်အထိလာပြီး မျှော်လင့်စောင့်ဆိုင်းတာပေါ့လေ။ကျွန်တော်တို့ခေါင်းဆောင်တွေကို တွေ့မယ်။ကျွန် တော်တို့အခြေအနေတွေကို တင်ပြမယ်။ဒီအခြေအနေပေါ်မှာ ဆွေးနွေးလို့ရရင် ဆွေးနွေးပြီး ရှေ့ဘာဆက်လုပ်ရမယ်ဆိုတာ ဆုံးဖြတ်ချက်တွေ ချဖို့ပါ။”လို့ဦးမျိုးညွှန့်ကဆက်ပြောပါတယ် ။


















































