Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကျောက်ကြီးဒေသခံ ၆၀၀ကျော် တိမ်းရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) လယ်ဒိုမြို့နယ်(ကျောက်ကြီးမြို့နယ်) အတွင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်ကနေဗုံးကြဲခဲ့လို့ ကျေးရွာ ၄ရွာက လူဦးရေ ၆၀၀ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၁၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) လယ်ဒိုမြို့နယ်(ကျောက်ကြီးမြို့နယ်) အတွင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်ကနေဗုံးကြဲခဲ့လို့ ကျေးရွာ ၄ရွာက လူဦးရေ ၆၀၀ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း KNU က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီလေတပ်က လယ်ဒိုမြို့နယ် ဝါကေဒဲရွာနဲ့ လယ်ဆူခိုရွာ အနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်လျက်ရှိလို့ အနီးဝန်းကျင်က ကျေးရွာတွေက ပြည်သူတွေပါ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာလို့ KNUက ဧပြီ ၁၇ရက်မှာထုတ်ပြန်ခဲ့တာပါ။

ဝါကေဒဲရွာ၊ လယ်ဆူခိုရွာ၊ ကိုထာရွာ၊ ကဒူးမူဒဲရွာ စတဲ့ ရွာလေးရွာက အိမ်ထောင်စု ၈၄ ခုက လူဦးရေ ၆၀၀ ကျော် တိမ်းရှောင်နေကြရပြီး အရပ်သားပြည်သူတွေ အနေနဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့ ရှင်သန်နေကြရတယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အရေးပေါ်လူသားခြင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ဖြစ်တဲ့ အခြေခံစားနပ်ရိက္ခာ နဲ့ ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိဟုလည်း အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ဘီးလင်းနဲ့ ဘားအံ(ဖားအံ)မြို့နယ်တွေကိုလည်း အခု ဧပြီလအတွင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူ ထောင်ချီ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။လေကြောင်း တိုက်ခိုက်ခံရလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ အိုးအိမ်ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အခု သင်္ကြန်ကာလ အတွင်းမှာလည်း KNU တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်ကို နေ့စဉ် လေကြောင်းဗုံးကြဲခဲ့လို့ အရပ်သား ပြည်သူ ၆ဦးထက်မနည်းသေဆုံးကာ ၁၃ဦး ဒဏ်ရာရခဲ့တယ်လို့ KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။