Connect with us

Hi, what are you looking for?

သတင်း

KNU နယ်မြေကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ဖားအံ(ဘားအံ) မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်လျက်ရှိကြောင်း သထုံခရိုင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

​တော်လှန်​ရေးတပ်​တွေက ​လေး​ကေစခန်းကိုသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-အထူးတိုင်းစစ်ဌာန

ဘီးလင်းဒေသကို စစ်တပ် အင်အားဖြည့်နေလို့ တိုက်ပွဲဖြစ်

ဧပြီ-၁၉၊ ၂၀၂၆။ ရွက်ဝါ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ဖားအံ(ဘားအံ) မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်လျက်ရှိကြောင်း သထုံခရိုင် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

သင်္ကြန်အတက်နေ့ ဧပြီ ၁၆ရက်မှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဘားအံမြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအနီးကို တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးကြဲခဲ့လို့ စိုက်ပျိုးရေးခြံ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ် လက်အောက် ခမရ(၂၀၂)တပ်ရင်းက လက်နက်ကြီးနဲ့ ဘန့်ဘွေးကုန်းရွာ၊ ရွှေလူအေးရွာ အနီးဝန်းကျင်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်အချို့နဲ့ ရာဘာခြံ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ပြောပါတယ်။

စစ်ကောင်စီဟာ KNUတပ်မဟာ(၁)နယ်မြေ ဘီးလင်းမြို့နယ် လေးကေတပ်စခန်းအသိမ်းခံရပြီးနောက် ဘီးလင်းနဲ့ ဘားအံမြို့နယ်က အရပ်သား ပြည်သူနေထိုင်ရာတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

လေးကေစခန်းကို KNUနဲ့ PDF ပူးပေါင်းတပ်တွေက ဧပြီ ၁၂ရက်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိ အဲဒီဒေသမှာ စစ်ရေးတင်းမာနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

” လက်ရှိ စစ်ရေးအခြေအနေအရ စစ်ကော်မရှင်တွေ စစ်ကူလာတယ်။ မရောက်သေးဘူး။ တိုက်ပွဲဖြစ်ဆဲ”လို့ ဒေသတွင်း စစ်ရေး အခြေအနေကို KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ KNU တပ်မဟာ(၅)နယ်မြေကိုလည်း သင်္ကြန်ကာလအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ နေ့စဉ် ပြုလုပ်ခဲ့ပါတယ်။

ဧပြီ ၁၂ရက်က စစ်ကောင်စီဟာ KNU တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင်ရှိ ဦးမယ်ထာ ဆေးရုံအား ရည်ရွယ်ချက် ရှိရှိ လေကြောင်းမှ ပေါင်(၅၀၀) ဗုံး(၂)လုံး အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဆောက်အအုံပျက်စီးမှုရှိခဲ့သလို ဆေးကုသခံယူနေတဲ့ ပြည်သူတွေလည်း ထိခိုက်ဒဏ်ရာရခဲ့ဟု KNU က အသိပေးပါတယ်။

ဧပြီ ၁၄ရက်မှာလည်း စစ်ကောင်စီက တိုက်လေယာဉ် ၂စီး အနည်းဆုံးသုံးပြီး မူတြော်ဂျူနီယာကောလိပ်(Mutraw Junior College )ရဲ့ အဓိကအဆောက်အဦး (၄)လုံးအား ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို ဆိုပါတယ်။

ဧပြီ ၁၅ ရက်ညနေမှာလည်း မူတြော်ခရိုင်ရှိ အရပ်သားပြည်သူများသာ သီးသန့်နေထိုင်တဲ့ ခဲပါထရွာ အပေါ်တည့်တည့်ကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ အရပ်သားပြည်သူ (၄)ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ (၁၀)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ဒါ့အပြင် နေအိမ် ၂၁လုံး ပျက်စီးခဲ့ပြီး ကျေးရွာရဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အဦးများဖြစ်သော ဘုရားရှိခိုးခန်းမဆောင် ၊ ထမင်းစားဆောင်၊ ဧည့်ခန်းမဆောင်တွေ ပျက်စီးခဲ့တယ်လို အသိပေးပါတယ်။

ဒီလို တိုက်ခိုက်မှုတွေဟာ တိုက်ပွဲအတွင်း မတော်တဆဖြစ်ပွားမှုများမဟုတ်ဘဲ အများပြည်သူအသုံးပြုနေတဲ့ အရေးပါတဲ့ အခြေခံအဆောက်အဦးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းများဖြစ်ကြောင်း KNUက ထုတ်ပြန်ခဲ့ပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုတို အပေါ် ရည်ရွယ်တိုက်ခိုက်တဲ့ ရက်စက်ကြမ်းကြုတ်မှုများကို စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ကြောင်း ဖော်ပြပါတယ်။

စစ်တပ်က စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများအား ပြင်းထန်စွာ ရှုတ်ချကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၁၈ရက်ညမှာ ထုတ်ပြန်ခဲ့ပြီး အာဆီယံအဖွဲဝင်နိုင်ငံများနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုများကို မျက်ကွယ်မပြုကြဖို တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နယ်မြေက စစ်တပ်စခန်းတခုကို တိုက်ခိုက်ခဲ့ရာ လက်နက် ၃လက်ရရှိခဲ့တယ်လို့ KNUက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ညောင်လေးပင်ခရိုင်၊လယ်ဒို(ကျောက်ကြီး)မြို့နယ်မှာ စစ်ကောင်စီတပ်သား ၁၆ ဦး အလင်းဝင်လာကြောင်း KNUက ထုတ်ပြန်ပါတယ်။

သတင်း

ဖျက်အားပြင်း ဗုံးတွေအပါအဝင် ဗုံးအလုံး ၆၀ ကျော်ကြဲချ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။