Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်ကစစ်ကြောင်းကသာမြို့ရောက်၊အင်းတော်မြို့ကိုစစ်​ကြောင်းထပ်ထိုးနိုင်

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ကနေသွားတဲ့ စစ်တပ်စစ်ကြောင်းတစ်ကြောင်းဟာ ကသာမြို့ကို စစ်ကား၂၂စီးနဲ့ ရောက်သွားပြီး အင်းတော်မြို့ကို စစ်​ကြောင်းဦးတည်ထားတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

အင်း​တော်မြို့သိမ်းတိုက်ပွဲမှာ ​တော်လှန်​ရေးတပ်​တွေက စစ်တပ်ထံမှာ​ဟောင်ဝစ်ဇာအပါအဝင်လက်နက်ကြီးများသိမ်းပိုက်ခဲ့စဥ်။ ဓါတ်ပုံ-Awngdang's Post

ဧပြီ၂၁၊၂၀၂၆။ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့ကနေသွားတဲ့ စစ်တပ်စစ်ကြောင်းတစ်ကြောင်းဟာ ကသာမြို့ကို စစ်ကား၂၂စီးနဲ့ ရောက်သွားပြီး အင်းတော်မြို့ကို စစ်​ကြောင်းဦးတည်ထားတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သင်္ကြန်အပြီးမှာ ထီးချိုင့်မြို့က နေစစ်ကြောင်းတကြောင်း ကသာမြို့ကို ထွက်ခဲ့ပြီး မြစ်အရှေ့ခြမ်း၊မြတောင်ရွာကနေလည်း ကမ်းနီရွာကို စစ်ကြောင်းတကြောင်း ထွက်ခဲ့တယ်လို့သိရပါတယ်။

ထီးချိုင့်မြို့ကထွက်တဲ့ စစ်ကြောင်းဟာကသာမြို့ကို ရောက်ရှိသွားပြီး ကသာမြို့က အမှတ်(၃၀၉)ခြေမြန်တပ်ရင်း (ခမရ-၃၀၉)တပ်နဲ့ ပူးပေါင်းထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ထီးချိုင့်ကနေခြေလျင်စစ်ကြောင်းနဲ့ထွက်သွားတာ။ကသာကထွက်ကြိုတာဖြစ်မယ်။စစ်ကား၂၂စီးနဲ့ ဝင်လာတယ်လို့သိရတယ်။မြတောင်ကထွက်တဲ့ စစ်ကြောင်းက ကမ်းနီရွာမှာပဲရှိတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင်ဒီရက်ပိုင်းမှာပဲ စစ်တပ်က အင်းတော် မြို့ကို စစ်ကြောင်းထိုးလာနိုင်တယ်လို့လည်း​တော်လှန်​ရေးတပ်​တွေကခန့်မှန်းပါတယ်။

အင်းတော်တော်လှန်ရေး (Indaw Revolution-IR)ကလည်း “အင်းတော်မြို့ကို စစ်ကြောင်းတွေ ထိုးဖို့အတွက် သေချာသ လောက် တော့ ရှိနေပါပြီ။ဒီရက်ပိုင်းအတွင်း စစ်ကြောင်းထိုးမယ်လို့သတင်း‌ တွေထွက် နေပါတယ်။စစ်ကြောင်းထိုးတဲ့ အချိန် တော်လှန်ရေးတပ် တွေနဲ့ ထိတွေ့တိုက်ပွဲ တွေဖြစ် ပေါ်လာနိုင်သလို လေကြောင်းတိုက်ခိုက်မှုတွေလည်းအပြင်းအထန်ပြုလုပ်လာနိုင်ပါတယ်။ဒါ့ကြောင့်မိဘပြည်သူများအရေးပေါ်ဆေးဝါး၊ရိ
က္ခာနဲ့ လိုအပ်တဲ့ အရေးကြီးပစ္စည်းများ ထုတ်ပိုးပြင်ဆင်ထားသင့်ပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၂ ရက်ညပိုင်းအထိ ရတဲ့သတင်းအရတော့ စစ်တပ်က အင်အားဖွဲ့စည်းမှုတချို့လုပ် နေတာရှိပြီး စစ်ကြောင်း တွေကတော့ ကသာမြို့ထဲမှာပဲရှိနေ သေးတယ်လို့ စုံစမ်းသိရပါတယ်။

အင်းတော် မြို့ကို တော်လှန်ရေး ပူး ပေါင်းတပ် တွေက ၂၀၂၅ခုနှစ် ဧပြီလမှာသိမ်းပိုက်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ရဲ့ ​ရှေ့တန်းတပ်မဌာနချုပ်ဖြစ်တဲ့ တပ်မ ၇၇ ကို ​ချေမှူန်းပြီးတပ်မ ၇၇ တပ်မမှူးကိုပါ ​တော်လှန်​ရေးတပ်တွေကဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ အင်း​တော်မြို့သိမ်းတိုက်ပွဲမှာ အမှတ် (၁)စစ်​ဒေသလက်​အောက်ထံ PDF တပ်ရင်း​တွေ ၊ ABSDF ၊ KIA နဲ့မဟာပူး​ပေါင်းတပ်​တွေက ခုနှစ်လကြာထိုးစစ်ဆင်ပြီးသိမ်းပိုက်ခဲ့တာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နဲ့ ရှမ်းပြည်နယ် မဘိမ်းမြို့တို့ကို ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး နောက်ထပ်လေယာဉ်ပျံသန်းမှုတွေရှိနေတာကြောင့် ဒေသခံတွေ လုံခြုံရေးသတိပြုကြဖို့ တော်လှန်ရေးရဲဘော်တွေက သတိပေးထားပါတယ်။

သတင်း

စစ်တပ်လက်နက်ကြီး၊လေကြောင်းရန်ရှိလို့ အမြန်ဆုံးရှောင်ရှားကြဖို့ မြစ်ကမ်းဘေး ပြည်သူတွေကို ကသာပအဖ မေတ္တာရပ်ခံ

သတင်း

စစ်သားအများအပြား​သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ​ကျော်သိမ်းရဟုဆို

Facebook