Connect with us

Hi, what are you looking for?

News

ချထားတဲ့ထောင်ဒဏ်တွေကို ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေအယူခံဝင်မယ်

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုလည်း ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားတာပါ။

People's Spring
People's Spring

ပြီးခဲ့တဲ့ ရက်ပိုင်းက ချခံရတဲ့ ထောင်ဒဏ်တွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေဟာ အယူခံဝင်မယ်လို့ သိရပါတယ်။

မြို့နယ်ရုံးက ချလိုက်တဲ့အမိန့်ကို မန္တလေးခရိုင်တရားရုံးကို အယူခံဝင်မှာပါ။

ဒေါက်တာဇော်မြင့်မောင်ကို ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် ၊ပုဒ်မ ၃၀(က) အတွက် ထောင်ဒဏ် ၁ နှစ် ၊ ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၅နှစ် ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့်သဘာဝဘေးပုဒ်မတွေအတွက် တပေါင်းတည်းကျခံစေဖို့အမိန့်ချတာကြောင့် ထောင်ဒဏ် ၄ နှစ်သာကျခံရမှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုလည်း ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားတာပါ။

တိုင်းအစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ လယ်ဆည်ဝန်ကြီး ဒေါက်တာစိုးသန်း နဲ့ မန္တလေးခရိုင် ဒီချုပ် ဥက္ကဋ္ဌ ဦးတင်ကိုကိုတို့ကိုလည်း ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၃စီချထားတယ်လို့သိရပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ဟာ အဂတိပုဒ်မ ၇ မှုနဲ့လည်း စွဲဆိုခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ – ၁၇ ၊၂၀၂၆ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လက်ကျန်ထောင်ဒဏ် ၂၇ နှစ်ထဲက ခြောက် ပုံ တစ် ပုံလောက်ပဲ အာဏာသိမ်း စစ်တပ်က လျှော့ချပေးလိုက်တယ်လို့ Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့...

နိုင်ငံတကာ

ယူကရိန်း မိသားစု တစ်ခုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ရုရှား စစ်သား နှစ်ယောက်ကို ရုရှား တရားရုံးက ထောင်ဒဏ်တစ်သက် စီရင် ချမှတ်လိုက်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ကောင်စီဟာအကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက်တင် ခံထားရတဲ့ Dawei Watch ရဲ့သတင်းထောက်နှစ်ဦးကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ အွန်လိုင်း သတင်းဌာန Dawei Watchရဲ့ သတင်းထောက် ကိုမျိုးမြင့်ဦးကို စစ်ခုံရုံးက အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ည)၊ ၅၂(က)၊ ၅၂(ခ)တွေနဲ့...

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။