Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း မိသားစုတစ်ခုကို သတ်ဖြတ်ခဲ့တဲ့ ရုရှားစစ်သားနှစ်ဦးကို ရုရှားမှာ ထောင်ဒဏ်တစ်သက် ချမှတ်

ယူကရိန်း မိသားစု တစ်ခုကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ ရုရှား စစ်သား နှစ်ယောက်ကို ရုရှား တရားရုံးက ထောင်ဒဏ်တစ်သက် စီရင် ချမှတ်လိုက်ပါတယ်။

ယူကရိန်း မိသားစု တစ်ခုကို သတ်ဖြတ်ခဲ့တဲ့ ရုရှားစစ်သားနှစ်ဦးကို ရုရှားမှာ ထောင်ဒဏ်တစ်သက် ချမှတ်
ယူကရိန်း မိသားစု တစ်ခုကို သတ်ဖြတ်ခဲ့တဲ့ ရုရှားစစ်သားနှစ်ဦးကို ရုရှားမှာ ထောင်ဒဏ်တစ်သက် ချမှတ်

ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲချိန် ကတည်းက ရုရှားတပ်တွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု အပုပ်သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပေမယ့် အခုလို အရေးယူ ဆောင်ရွက်မှုမျိုးဟာ အရမ်းရှားပါးတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက ဒွန်းညက်စ်ခ် ဒေသမှာ နေထိုင်တဲ့ ကပ်ကန်နက်စ် မိသားစုကို ရုရှား စစ်သားတွေဖြစ်တဲ့ အသက် ၂၈ နှစ်အရွယ် စတာနီဆလက်ဗ်ရောနဲ့ အသက် ၂၁ နှစ်အရွယ် အန်တန် ဆိုပေါ့ဗ်တို့က သတ်ဖြတ်ခဲ့တာပါ။ သူတို့ သတ်ပစ်ခဲ့တဲ့ထဲမှာ အသက် ၉ နှစ်နဲ့ ၅ နှစ်အရွယ် ကလေးနှစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။

အဲဒီတုန်းက မိသားစု မွေးနေ့ပွဲ ကျင်းပနေတဲ့ အချိန်မှာ ရုရှားစစ်သားတွေ ရောက်သွားပြီး တစ်မိသားစုလုံးကို သတ်ပစ်ခဲ့တာလို့ ယူကရိန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ရုရှား တရားရုံးကတော့ အခုသီတင်းပတ်ထဲမှာ စစ်သားနှစ်ယောက်ကို ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ပေမယ့် အသေးစိတ် အချက်အလက်တွေကို မကြေညာပါဘူး။ သေဆုံးသူတွေထဲမှာ အသက် ၅၃ နှစ်အရွယ် အက်ဒွပ် ကပ်ကန်နက်စ်နဲ့ ဇနီးဖြစ်သူ တာတီယာနာ ကပ်ကန်နက်စ်၊ သူတို့ရဲ့ သားတွေနဲ့ ဇနီးတွေ၊ ၉ နှစ်အရွယ် မြေးမလေးနဲ့ ၅ နှစ်အရွယ် မြေးလေးအပြင် တခြားဆွေမျိုးတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်း အာဏာပိုင်တွေကတော့ အဲဒီ မိသားစုဟာ သူတို့ရဲ့ အိမ်မှာ ရုရှားတပ်သားတွေက တပ်စွဲဖို့ တောင်းဆိုတာကို ငြင်းဆန်မိလို့ အသတ်ခံလိုက်ရတာလို့ ပြောပါတယ်။

ရုရှား သတင်းဌာန Tassက စစ်သားနှစ်ယောက်ဟာ နိုင်ငံရေး၊ မူဝါဒရေးရာ၊ လူမျိုးရေး ခွဲခြားမှု အမျိုးသားရေးနဲ့ ဘာသာရေးဆိုင်ရာ အမုန်းတရားတွေကို အကြောင်းပြုပြီး ဆိုးရွားတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုထားခဲ့ပေမယ့်လည်း ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ အများအပြားကို ယူကရိန်းက စုစည်းထားပြီး ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

ဆောင်းပါး

ရုရှားကျူးကျော်စစ်ရဲ့ နာကျင်မှုနဲ့ ဒဏ်ရာများ

နိုင်ငံတကာ

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

Facebook