Connect with us

Hi, what are you looking for?

LuduNwayOo

News

ချထားတဲ့ထောင်ဒဏ်တွေကို ဒေါက်တာဇော်မြင့်မောင်နဲ့ တိုင်းအစိုးရအဖွဲ့ဝင်တွေအယူခံဝင်မယ်

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုလည်း ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားတာပါ။

People's Spring
People's Spring

ပြီးခဲ့တဲ့ ရက်ပိုင်းက ချခံရတဲ့ ထောင်ဒဏ်တွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝင်တွေဟာ အယူခံဝင်မယ်လို့ သိရပါတယ်။

မြို့နယ်ရုံးက ချလိုက်တဲ့အမိန့်ကို မန္တလေးခရိုင်တရားရုံးကို အယူခံဝင်မှာပါ။

Public Service Announcement

Public Service Announcement

ဒေါက်တာဇော်မြင့်မောင်ကို ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် ၊ပုဒ်မ ၃၀(က) အတွက် ထောင်ဒဏ် ၁ နှစ် ၊ ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၅နှစ် ချမှတ်ခဲ့ပါတယ်။

ဒါပေမယ့်သဘာဝဘေးပုဒ်မတွေအတွက် တပေါင်းတည်းကျခံစေဖို့အမိန့်ချတာကြောင့် ထောင်ဒဏ် ၄ နှစ်သာကျခံရမှာဖြစ်ပါတယ်။

မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကိုလည်း ဆူပူအောင်လှုံဆော်မှု ပုဒ်မ ၅၀၅ (ခ) အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ထားတာပါ။

တိုင်းအစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ လျှပ်စစ်၊စွမ်းအင်နဲ့ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ၊ လယ်ဆည်ဝန်ကြီး ဒေါက်တာစိုးသန်း နဲ့ မန္တလေးခရိုင် ဒီချုပ် ဥက္ကဋ္ဌ ဦးတင်ကိုကိုတို့ကိုလည်း ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ် ၃စီချထားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ဟာ အဂတိပုဒ်မ ၇ မှုနဲ့လည်း စွဲဆိုခံထားရပါတယ်။