Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ရောက် စစ်တပ်က ဓားမြတိုက်လုယက်နေဟု ဒေသခံတွေပြော

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

(ဖားကန့်ဒေသက ပြည်သူတွေကို ဖမ်းဆီးနေတဲ့ စစ်သားတွေကို ၂၀၂၁က တွေ့ရစဉ်။ ဓာတ်ပုံ - Kachin News Group)

ဧပြီ-၂၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

လုံးခင်းကျေးရွာအုပ်စု ရပ်ကွက်(၃)က နေအိမ်တစ်လုံးကို ဧပြီ ၂၅ ရက် ည ၁၁နာရီမှာ အမျိုးသားငါးဦးက ဓားပြတိုက်တာ ဖြစ်ပါတယ်။

“Mask တွေတပ်ပြီး ဓားပြဝင်တိုက်တာ။ ရွှေတွေနဲ့ ပိုက်ဆံတွေပါသွားတယ်။လုံးခင်းထဲမှာ စစ်တပ်ကတပ်စွဲထားတာ။ သူတို့ပဲလုပ်တာဗျ။ ဒေသခံတော်တော်များများလည်း မနေရဲကြဘူး”လို့ လုံးခင်းဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓားပြတိုက်သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်တဲ့ G3 သေနတ်တွေကိုင်ထားပြီး ငွေသားနဲ့ရွှေထည်စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၄၀၀ခန့်ဖိုးယူဆောင်ထွက်ခွာသွားတယ်လို့ လုံးခင်းကျေးရွာအုပ်စု၊ရပ်ကွက်(၃)မှာ နေထိုင်သူအချို့က ပြောပါတယ်။

ဖားကန့်ဒေသမှာ ဧပြီ၂ရက်က စတင်ပြီးတိုက်ပွဲတွေဖြစ်တာပါ။ လုံးခင်းကျေးရွာအုပ်စုကို စစ်ကောင်စီကထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဖားကန့်ဒေသကို ရောက်ရှိနေတဲ့စစ်ကြောင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်တယ်လို့ သတင်းရရှိပါတယ်။

” လုပ်ချင်ရာလုပ်ဆိုပြီး အမိန့်ပေးထားတာ။ တော်တော်ကို ယုတ်မာကောက်ကျစ်ကြတယ်။ ဒေသခံတွေအတွက်ကတော့ တကယ်ကိုငရဲခန်းကိုဖြတ်နေရတာ”လို့ ဖားကန့်ဒေသကနေ တိမ်းရှောင်လာသူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အရပ်သားပြည်သူတွေကို ဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေလည်းရှိနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ လူမှုကယ်ဆယ်ရေးရုံးခန်းအချို့မှာလည်း စစ်ကောင်စီကတပ်စွဲထားပါတယ်။

ဒါ့အပြင် လမ်းသွားလမ်းလာတွေကို စစ်ဆေးပြီး ပါလာတဲ့ငွေကြေးတွေကို လုယက်ယူဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပဲပြုတ်သည်ဆီကတောင်၁၂၀၀၀ ရအောင်ယူသွားတယ်။ ဝက်သားကုန်သည်ဆီကနေ သိန်း၁၀၀ ကျော်။ အဲဒီလိုတွေဓားပြတိုက်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ဧပြီ ၁၃ရက်မှာ PDFရဲဘော်တစ်ဦးနဲ့ အရပ်သား ၃ဦးကို သတ်ဖြတ်ပြီး အများပြည်သူသွားလာနေတဲ့နေရာမှာ အလောင်းစွန့်ပစ်ခဲ့သလို အဲဒီနောက်ပိုင်းမှာလည်း အရပ်သား ၃ဦးရဲ့ ရုပ်အလောင်းကို စွန့်ပစ်သွားတယ်လို့ သတင်းရရှိပါတယ်။

လူနေရပ်ကွက်တွေကို စစ်ကောင်စီတပ်တွေက အကာအကွယ်ယူ စစ်ကြောင်းထိုးနေလို့ လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDFက သတိပေးထားပါတယ်။ စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီ၂၂ရက်ကစပြီး ယာယီပိတ်ထားမယ်လို့ KIAက သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီ ၂၄ရက်ကလည်း ဖားကန့်- ကာမိုင်းလမ်းမှာ ခရီးသွားကားတစ်စီးကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။