Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဥပဒေကြောင့်လုပ်သားထုဟာလူကုန်ကူးခံရမယ့်အန္တရာယ် နဲ့ မရေရာတဲ့ရွှေ့ပြောင်းအလုပ်အကိုင်တွေဆီတွန်းပို့ခံနေရ

​မြန်မာနိုင်ငံမှာ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေခြင်းနဲ့ မလုံခြုံမှုတွေကြောင့် အလုပ်သမားတွေနဲ့ လူငယ်ထုဟာ လူကုန်ကူးခံရမယ့်အန္တရာယ်နဲ့ မရေရာတဲ့ ရွှေ့ပြောင်းအလုပ်အကိုင်တွေကြားသို့တွန်းပို့ခံနေရကြောင်း ရွှေဘိုမြို့နယ်သပိတ်အင်အားစု က ၂၀၂၆ ခုနှစ်၊ မေဒေးလှုပ်ရှားမှုနဲ့အတူ သတိပေးပါတယ်။

(မေဒေးနေ့အကြိုလှုပ်ရှားမှု ပြုလုပ်နေစဥ်။ဓါတ်ပုံ-ရွှေဘိုမြို့နယ်သပိတ်အင်အားစု)

ဧပြီ-၃၀၊၂၀၂၆။ဟာနာဆန်/People’s Spring

​မြန်မာနိုင်ငံမှာ အတင်းအကြပ် စစ်မှုထမ်းခိုင်းစေခြင်းနဲ့ မလုံခြုံမှုတွေကြောင့် အလုပ်သမားတွေနဲ့ လူငယ်ထုဟာ လူကုန်ကူးခံရမယ့်အန္တရာယ်နဲ့ မရေရာတဲ့ ရွှေ့ပြောင်းအလုပ်အကိုင်တွေကြားသို့တွန်းပို့ခံနေရကြောင်း ရွှေဘိုမြို့နယ်သပိတ်အင်အားစု က ၂၀၂၆ ခုနှစ်၊ မေဒေးလှုပ်ရှားမှုနဲ့အတူ သတိပေးပါတယ်။

ရွှေဘိုမြို့နယ်သပိတ်အင်အားစုက မနက်ဖြန်မှာကျရောက်မယ့်မေဒေးနေ့ အကြိုလှုပ်ရှားမှုတစ်ခု ဒီကနေ့ပြုလုပ်ခဲ့ပါတယ်။အဲဒီလှုပ်ရှားမှုနဲ့အတူ ထုတ်ပြန်ချက်တစ်စောင် ကြေညာခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ မြန်မာနိုင်ငံက အလုပ်သမားထုဟာ အတင်းအကြပ်စစ်မှုထမ်းခြင်းနဲ့ ကျယ်ပြန့်တဲ့ မလုံခြုံမှုတွေကြောင့် ကြောက်ရွံ့မှုနဲ့ မတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ အလုပ်သမားတွေနဲ့ လူငယ်တွေဟာ စစ်မှုထမ်းဖို့ အတင်းအကျပ် ခိုင်းစေခံရတာ သို့မဟုတ် ငွေညှစ်တာတွေ ရှောင်ရှားဖို့ ရွှေ့ပြောင်း နေထိုင်မှု၊ လူကုန်ကူးမှုနဲ့ မရေမရာအလုပ်အကိုင်တွေမှာ ဆက်လက်တိုးပွားလာနေကြောင်း ဖော်ပြပါတယ်။

လက်ရှိမှာ အလုပ်သမားတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လုပ်ခလစာ မဖူလုံတာ၊ အလုပ်အကိုင် မလုံခြုံတာနဲ့ အခြေခံအခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

​ဒါ့အပြင် အလုပ်သမားသမဂ္ဂဝင်တွေနဲ့ လှုပ်ရှားတက်ကြွသူတွေဟာ ဖမ်းဆီးအကြမ်းဖက်ခံနေရသလို၊ ကျေးလက်ဒေသက လယ်သမားတွေလည်း အတင်းအကြပ်ရွှေ့ပြောင်းခိုင်းတာနဲ့ အကြွေးတင်တာတွေကြောင့်ဒုက္ခရောက်နေကြပါတယ်။ကလေးအလုပ်သမားအရေအတွက်လည်းတိုးလာနေတယ်လို့ ထောက်ပြထားပါတယ်။

​ဒါကြောင့် အခြေခံအလုပ်သမားအခွင့်အရေးတွေ ပြန်ရဖို့၊ ဖိနှိပ်မှုတွေ ချက်ချင်းရပ်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်သူတွေကို နိုင်ငံတကာက အရေးယူပေးဖို့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုကတိုက်တွန်းထားပါတယ်။ဒီလိုအခက်အခဲတွေရှိနေပေမဲ့ အလုပ်သမားနဲ့ လယ်သမားထုရဲ့ ခုခံတွန်းလှန်မှု စိတ်ဓာတ်ကတော့ ခိုင်မာနေဆဲပဲလို့ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်ရဲ့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးဟာ အဲဒီရ​ပ်ကွက်ထဲက မီနီကွန်ဒိုတစ်ခုရဲ့ လေးလွှာမှာ ရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်က အဲဒီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးခန်းရဲ့အောက်မှာ လူနာတင်ကားသံတွေ ဆူညံသွားခဲ့တယ်။ တိုက်ပေါ်ကနေ လူငယ်နှစ်ယောက်ခုန်ချတာတဲ့။

နိုင်ငံတကာ

လူငယ်တွေကို ဆန္ဒအလျောက် စစ်မှုထမ်းစေမယ့် ဥပဒေမူကြမ်းကို ဂျာမနီ လွှတ်တော်က မဲခွဲ အတည်ပြုပေးလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ရဲနဲ့ တရားရုံးတွေက အကာအကွယ်ပေးနိုင်တဲ့အဖွဲ့အစည်းမဟုတ်ဘဲ အမြတ်ထုတ်၊ထိခိုက်နိုင်တဲ့အဖွဲ့တွေလို့ လူငယ်တွေရှုမြင်လာ