Connect with us

Hi, what are you looking for?

News

တာမွေမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုနှစ်ခုကြောင့် ရဲအရာရှိသေပြီး ရဲနဲ့ စစ်သား ၆ ဦးဒဏ်ရာရ

ဒီကနေ့ ညနေ ၃ နာရီ မိနစ် ၂၀ လောက်က တာမွေမှာ ပေါက်ကွဲမှုနှစ်ခုဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားနဲ့ ရဲ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ညနေ ၃ နာရီ မိနစ် ၂၀ လောက်က တာမွေမှာ ပေါက်ကွဲမှုနှစ်ခုဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားနဲ့ ရဲ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ကားကို လက်ပစ်ဗုံးလို့ယူဆရတာနဲ့ ပစ်သွားတာဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦးထဲမှာ သုံးဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကားပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့တာက ဗညားဒလလမ်းနဲ့ ၁၄၆ လမ်းထိပ်မှာဖြစ်ပြီးတော့ အဲဒီအနီးမှာရှိတဲ့ အငှားယာဉ်တစ်စီးပေါ်မှာလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကာ ကားပေါ်က အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးက ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့လည်း သိရပါတယ်။

ဒဏ်ရာရတဲ့ ရဲနဲ့ စစ်သားတွေကို အမှတ် (၂) စစ်ဆေးရုံကို ပို့ထားပြီး အရပ်သား ဒဏ်ရာရတဲ့ အရပ်သားကိုတော့ အမှတ် (၁) စစ်ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲသံနှစ်ကြိမ်ဆက်ကိုကြားရပြီး စစ်ကားမီးလောင်ကျွမ်းခဲ့ကာ ကားထဲက မီးလောင်ဒဏ်ရာနဲ့ စစ်သားတွေကို လူတာတင်ကားတွေနဲ့ သယ်သွားတယ်လို့ အဲဒီအနားက မျက်မြင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စစ်ကားက ရပ်ထားတာတော်တော်ကြာပြီ။ ကားပေါ်မှာ ထိုင်နေကြတာ။ ပေါက်ကွဲမီးလောင်ချိန်မှာ မီးစွဲလောင်နေတဲ့ စစ်သားပြေးဆင်းလာတာလည်းတွေ့ရတယ်။ မီးသတ်ကားတွေလာပြီးမီးက တော်တော်ငြှိမ်းလိုက်ရတယ် ကားက မီးတော်တော်လောင်သွားတာ” လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့မှာမနေ့ (အောက်တိုဘာလ ၂၄ ရက်) ညပိုင်းက မီးပုံးပျံအတွက် ယမ်းစပ်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းတာကြောင့် ကလေးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံ အချို့ဆီကသိရပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးမှာ ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ ရုံးတွင်းမိုင်းပေါက်ကွဲမှုကြောင့်လို့ သိရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စုပေါင်းရုံးအနီးမှာ ပေါက်ကွဲမှုဖြစ်ပြီး စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတဲ့အတွက် ဒေသခံတွေ လုံခြုံရေး သတိပြုကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။