Connect with us

Hi, what are you looking for?

News

တာမွေမှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုနှစ်ခုကြောင့် ရဲအရာရှိသေပြီး ရဲနဲ့ စစ်သား ၆ ဦးဒဏ်ရာရ

ဒီကနေ့ ညနေ ၃ နာရီ မိနစ် ၂၀ လောက်က တာမွေမှာ ပေါက်ကွဲမှုနှစ်ခုဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားနဲ့ ရဲ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ညနေ ၃ နာရီ မိနစ် ၂၀ လောက်က တာမွေမှာ ပေါက်ကွဲမှုနှစ်ခုဆက်တိုက်ဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦးသေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားနဲ့ ရဲ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ကားကို လက်ပစ်ဗုံးလို့ယူဆရတာနဲ့ ပစ်သွားတာဖြစ်ပြီး ဒဏ်ရာရသူ ၆ ဦးထဲမှာ သုံးဦးက စိုးရိမ်ရတယ်လို့ သိရပါတယ်။

အဲဒီစစ်ကားပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့တာက ဗညားဒလလမ်းနဲ့ ၁၄၆ လမ်းထိပ်မှာဖြစ်ပြီးတော့ အဲဒီအနီးမှာရှိတဲ့ အငှားယာဉ်တစ်စီးပေါ်မှာလည်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကာ ကားပေါ်က အရပ်သားတစ်ဦးသေဆုံးပြီး တစ်ဦးက ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့လည်း သိရပါတယ်။

ဒဏ်ရာရတဲ့ ရဲနဲ့ စစ်သားတွေကို အမှတ် (၂) စစ်ဆေးရုံကို ပို့ထားပြီး အရပ်သား ဒဏ်ရာရတဲ့ အရပ်သားကိုတော့ အမှတ် (၁) စစ်ဆေးရုံကို ပို့ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်ကွဲသံနှစ်ကြိမ်ဆက်ကိုကြားရပြီး စစ်ကားမီးလောင်ကျွမ်းခဲ့ကာ ကားထဲက မီးလောင်ဒဏ်ရာနဲ့ စစ်သားတွေကို လူတာတင်ကားတွေနဲ့ သယ်သွားတယ်လို့ အဲဒီအနားက မျက်မြင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စစ်ကားက ရပ်ထားတာတော်တော်ကြာပြီ။ ကားပေါ်မှာ ထိုင်နေကြတာ။ ပေါက်ကွဲမီးလောင်ချိန်မှာ မီးစွဲလောင်နေတဲ့ စစ်သားပြေးဆင်းလာတာလည်းတွေ့ရတယ်။ မီးသတ်ကားတွေလာပြီးမီးက တော်တော်ငြှိမ်းလိုက်ရတယ် ကားက မီးတော်တော်လောင်သွားတာ” လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆန္ဒပြ ကျောင်းသားတွေကို မောင်းပြန်ရိုင်ဖယ်နဲ့ ချိန်ရွယ်ခဲ့တဲ့ ရဲတစ်ဦးဟာ ရာထူးတာဝန်တွေကနေ ဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ စစ်တပ်ထောက်ပို့ယာဥ်က ဝင်တိုက်လို့ မူလတန်း ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကျောင်းသူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်