Connect with us

Hi, what are you looking for?

သတင်း

သတင်းမီဒီယာလွတ်လပ်ခွင့်ရဖို့ နဲ့ဖမ်းဆီးခံထားရတဲ့မြန်မာသတင်းသမား​တွေလွတ်မြောက်ဖို့ ဗြိတိန် နဲ့ နယ်သာလန်သံရုံးတိုက်တွန်း

သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့်ရရှိဖို့ နဲ့ ဖမ်းဆီးထားတဲ့ မြန်မာသတင်းသမားတွေကို လွှတ်ပေးဖို့ ဗြိတိန် နဲ့ နယ်သာလန်နိုင်ငံတွေက ဒီနေ့(မေ ၃ )ကျရောက်တဲ့ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာတောင်းဆိုထားပါတယ်။

(၂၀၂၁ဖေဖော်ဝါရီကရန်ကုန်မြို့မှာစစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြသူတွေဖြိုခွင်းခံရမှု သတင်းယူနေတဲ့သတင်းသမားအချို့။ ဓာတ်ပုံ - Reuters)

မေ-၃၊၂၀၂၆။တေဇ/People’s Spring

သတင်းမီဒီယာတွေအနေနဲ့ လွတ်လပ်စွာ သတင်းရေးသားခွင့်ရရှိဖို့ နဲ့ ဖမ်းဆီးထားတဲ့ မြန်မာသတင်းသမားတွေကို လွှတ်ပေးဖို့ ဗြိတိန် နဲ့ နယ်သာလန်နိုင်ငံတွေက ဒီနေ့(မေ ၃ )ကျရောက်တဲ့ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာတောင်းဆိုထားပါတယ်။

“လွတ်လပ်၍ အမှီအခိုကင်းသည့် မီဒီယာများကို ကာကွယ်စောင့်ရှောက်ခြင်းသည် အားလုံး ပါဝင်ပြီး ငြိမ်းချမ်းသည့်ဒီမိုကရေစီကျသောလူ့အဖွဲ့အစည်းများ ဖြစ်ထွန်းရေးအတွက် အခြေခံကျသော အကြောင်းရင်းတစ်ခုဖြစ်သည်။”လို့ နယ်သာလန်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ဖိအားတွေရင်ဆိုင်နေရပြီး ၂၀၂၁ နောက်ပိုင်းမှာ အမှီအခိုကင်းတဲ့မီဒီယာတွေပိတ်သိမ်းခံခဲ့ရသလို နိုင်ငံကနေထွက်ခွာခဲ့ရတယ်လို့ ထောက်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“သတင်းထောက်များနှင့် မီဒီယာလုပ်ငန်းလုပ်ကိုင်နေသူများသည် ၎င်းတို့၏ အလုပ်ကို လုပ်ကိုင်ရုံမျှဖြင့် ခြိမ်းခြောက် ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းများနှင့် ကြုံတွေ့ ကြရသည်။”လို့ မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်အခြေအနေကို နယ်သာလန်သံရုံးက ‌ဖော်ပြထားပါတယ်။

နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (Reporters Without Borders – RSF) ရဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်မှုအညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံထက်ဝက်ကျော်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေက အလွန်‌ဆိုးရွားနေပြီး နိုင်ငံ​ပေါင်း ၁၈၀ မှာ မြန်မာက အဆင့် ၁၆၆ လို့ သတ်မှတ်ခံထားရပါတယ်။ဒါ​ကြောင့် ​​နောက်ဆုံးက​ရေတွက်ရင် သတင်းမီဒီယာလွတ်လပ်ခွင့် အဆိုးဆုံး နိုင်ငံ ၂၀ ထဲမှာပါဝင်​နေတာဖြစ်ပါတယ် ။

“ယူကေအစိုးရအနေနဲ့ မီဒီယာလွတ်လပ်ခွင့်ကို ခိုင်မာစွာ ထောက်ခံအားပေးလျက်ရှိပြီး ကမ္ဘာတစ်ဝန်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်ရေးတွင် ဆက်လက် ဦးဆောင်လှုပ်ရှားလျက်ရှိပါတယ်။ Media Freedom Coalition (MFC) ရဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံဆိုင်ရာ MFC သံရုံးကွန်ယက်အပါအဝင် ကမ္ဘာအနှံ့ မိတ်ဖက်အဖွဲ့အစည်းများနဲ့အတူ လွတ်လပ်ပြီး အားကောင်းတဲ့ သတင်းမီဒီယာကို ပံ့ပိုးပေးရေး နဲ့ ၄င်းအတွက် ရဲရင့်စွာ ရပ်တည်နေသူများကို ကာကွယ်ပေးရေးတို့အတွက် ယူကေအစိုးရအနေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။” လို့ ယူကေသံရုံး က ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ၂၀၂၁ ကစတင်ပြီး စာနယ်ဇင်းလွတ်လပ်ခွင့်က ပိုမိုဆိုးရွားလာတာဖြစ်ပြီး သတင်းထောက်တွေက မတရားဖမ်းဆီး ပုဒ်မတပ်ကာ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံနေရတာပါ။

အာဏာသိမ်းထားတဲ့ ၅နှစ်ကျော်ကာလအတွင်းမှာ စစ်တပ်က သတင်း​ထောက်နဲ့ မီဒီယာအလုပ်လုပ်ကိုင်သူ ၂၀၀ ကျော် ဖမ်းဆီး​ထောင်ချခဲ့ပါတယ်။ ဒါအပြင်စစ်တပ်က အနည်းဆုံးသတင်း​ထောက် ၇ ဦးကိုသတ်ဖြတ်ခဲ့ပါတယ် ။အခုအချိန်ထိလည်း သတင်း​ထောက် ၃၉ ​ဦး နဲ့ မီဒီယာ လုပ်ငန်းလုပ်ကိုင်သူ ၂ ဦး ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့RSF ကထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဥရောပ အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရပြီး ဗြိတိန်၊ ပြင်သစ်နဲ့ စပိန်တို့မှာလည်း သမိုင်းတလျှောက် အပူဆုံး စံချိန်တွေကို ကြုံတွေ့ ဖြတ်သန်းခဲ့ရပါတယ်။

နိုင်ငံတကာ

သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တဲ့အတိုင်း ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာဟာ ရာထူးကနေ နုတ်ထွက်မယ်လို့ အတည်ပြု ကြေညာသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံမှာ ရထားနှစ်စီး တိုက်မိမှုကြောင့် လူ ၁ ဦး သေဆုံးပြီး ၉၀ နီးပါး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အသက် ၁၆ နှစ်အရွယ် ကလေးတွေကို လူမှုကွန်ရက် မီဒီယာ အသုံးပြုခွင့် ပိတ်ပင်မယ့်အကြောင်း ဗြိတိန် အစိုးရက တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။