Connect with us

Hi, what are you looking for?

News

နေပြည်တော်မှာကျောက်မျက်ပြပွဲ ကျင်းပဖို့စစ်ကောင်စီ စီစဉ်

စစ်ကောင်စီဟာ အရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးယန္တယားပုံမှန်လည်ပတ်နေတာ ပြသချင်တာကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကျောက်မျက်ပြပွဲတစ်ခု နေပြည်တော်မှာလုပ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့မတ်လအတွင်းက စစ်ကောင်စီကျင်းပတဲ့ ကျောက်မျက်ပြပွဲအတွက်ပြင်ဆင်ထားပုံကိုတွေ့ရစဉ်

လာမယ့် ဒီဇင်ဘာလ ၁၇ ရက်ကစတင်ပြီး နေပြည်တော်မှာကျောက်မျက်ပြပွဲတစ်ခုကို ကျင်းပဖို့ ရှိတယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

အဲဒီပြပွဲကို ဒီဇင်ဘာလ ၁၇ရက်စတင်ပြီး ဒီဇင်ဘာလ ၂၂ ရက်အထိ နေပြည်တော် မဏိရတနာခန်းမမှာ ကျင်းပဖို့ စစ်ကောင်စီက စီစဉ်ထားတာပါ။

ပုံမှန်အားဖြင့်ပြည်တွင်းမှာကျောက်မျက်ပြပွဲတွေကို ကျင်းပတဲ့အခါ နိုင်ငံခြားဝင်ငွေရအောင် ယူရိုငွေနဲ့ ရောင်းချတဲ့ပြပွဲတွေရှိသလို ပြည်တွင်းလုပ်ငန်းရှင်တွေအတွက် ကျပ်ငွေနဲ့ရောင်းချပေးတာရှိပါတယ်။

ဒါပေမယ့် ဒီတခေါက်ပြပွဲအတွက် စစ်ကောင်စီရဲ့ ကြေညာချက်မှာ ဘယ်ငွေကြေးနဲ့ရောင်းချမယ့် ဆိုတာကို ထည့်သွင်းဖော်ပြထားတာမတွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

ဒါအပြင် ပွဲတက်ရောက်မယ့်သူတွေကို ကိုဗစ်ကာကွယ်ဆေး ၂ကြိမ် ထိုးပြီးတဲ့အပြင် ကိုဗစ်စစ်ဆေးပြီးသူတွေကိုသာအကန့်အသတ်နဲ့ခွင့်ပြုမှာလို့ သိထားရပါတယ်။

စစ်ကောင်စီဟာ အရပ်သားအစိုးရကိုဖြုတ်ချအာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးယန္တယားပုံမှန်လည်ပတ်နေတာ ပြသချင်တာကြောင့် ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကျောက်မျက်ပြပွဲတစ်ခု နေပြည်တော်မှာလုပ်ခဲ့ပါသေးတယ်။

အဲဒီပြပွဲမှာရောင်းချရတဲ့ပမာဏကို ထုတ်ပြန်တာမတွေ့ရပါဘူး။

CRPH ကတော့ စစ်ကောင်စီ ကျင်းပခဲ့တဲ့ဧပြီလ ပြပွဲဟာ တရားမဝင်ကြောင်းနဲ့ပူးပေါင်းပါဝင်သူတွေကို အမည်ပျက်စာရင်းသွင်းမယ်လို့အဲဒီတုန်းကကြေညာခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။