Connect with us

Hi, what are you looking for?

သတင်း

စက်သုံးဆီချွေတာရေးနဲ့ မြန်မာပြည်သူတွေနဲ့အတူရှိကြောင်းပြသဖို့ စက်ဘီးစီးရုံးတက်တဲ့ နယ်သာလန်သံတမန်

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

ဓာတ်ပုံ - Embassy of the Netherlands in Myanmar

မေ-၇၊၂၀၂၆။တေဇ/People’s Spring

စက်သုံးဆီ‌ချွေတာဖို့နဲ့ စက်သုံးဆီအခက်အခဲကြောင့် ရုန်းကန်နေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေတာကို ပြသတဲ့အနေနဲ့ စက်ဘီးနဲ့သွား‌ရုံးတက်နေတယ်လို့ နယ်သာလန်သံရုံးရဲ့ ဒုတိယအကြီးအကဲ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

“ကျွန်တော် မြန်မာနိုင်ငံရောက်ကတည်းက စက်ဘီးစီးဖို့ စဥ်းစားခဲ့ပါတယ်။ နေပူတာရယ်၊ ဘေးကင်းပါ့မလားလို့ မေးခွန်းထုတ်မိတာရယ်၊ အစည်းအဝေးတွေသွားဖို့ ကုတ်အင်္ကျီ ဝတ်ဖို့ လိုတာတွေရယ်ကြောင့် စက်ဘီးမစီး ဖြစ်ခဲ့ဘူး။ ဒါပေမယ့် စက်သုံးဆီ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာရတဲ့ အခက်အခဲတွေကို မြင်ရတဲ့အခါ ကျွန်တော်လည်း တစ်ခုခုတော့ လုပ်ပေးချင်ခဲ့မိတယ်။” လို့ မစ္စတာ ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

သူလုပ်ဆောင်တဲ့အရာက မပြောပလောက်ပေမယ့် စက်သုံးဆီကြောင့် အခက်အခဲကြုံနေရတဲ့ မြန်မာပြည်သူတွေနဲ့ အတူရှိနေတာကို ပြသနိုင်တယ်လို့ ယုံကြည်ပြီး စက်သုံးဆီ‌လျော့ချဖို့ လုပ်ဆောင်ချက်တွေများလာရင် အကျိုးသက်ရောက်မှုများလာနိုင်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နယ်သာလန်နိုင်ငံမှာ ငါးမီတာဝန်းကျင်ဆိုရင် လူတိုင်းက ရုံးကိုစက်ဘီးနဲ့သွားကြပြီး သူကိုယ်တိုင်လည်း အဲဒီလိုပဲ လုပ်ဆောင်ခဲ့တာလို့ မစ္စတာ၀င်းမ်ဗန်ဒွေါန်က ပြောပါတယ်။

မြန်မာနိုင်ငံကအဓိက လမ်းမတွေမှာ စက်ဘီးစီးသူတွေအတွက် သီးသန့်လမ်းမရှိတာကြောင့် လမ်းသွယ်တွေကနေပတ်သွားရတယ်လို့ သူ့အတွေ့အကြုံကိုလည်း မျှဝေထားပါတယ်။

“စက်ဘီးစီးတာ စက်သုံးဆီ ချွေတာရာလည်း ရောက်တယ်။ ဆီမရမှာလည်း သိပ်မပူရဘူး။ ငွေကုန်လည်း သက်သာသလို ပတ်ဝန်းကျင်ကိုလည်း မထိခိုက်ဘူး။ နောက်ပြီး လမ်းပေါ်က လူတွေရဲ့ နေ့စဥ် ဘဝတွေကိုလည်း ပိုမြင်တွေ့ခွင့် ရတယ်။ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ၂၅ မိနစ်လောက် စက်ဘီးစီးတာက ကျွန်တော့်အတွက် နေ့စဥ်လေ့ကျင့်ခန်း တစ်ခု ဖြစ်နေပြီ။” လို့ မစ္စတာ၀င်းမ်ဗန်ဒွေါန် ကပြောပါတယ်။

အီရန်စစ်ပွဲတွေကြောင့် ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ကာ မြန်မာနိုင်ငံမှာ စက်သုံးဆီဈေးတွေ အဆမတန် မြင့်တတ်ခဲ့ပြီး စစ်တပ်ကစက်သုံးဆီလိုအပ်ချက်ကိုအကြောင်းပြကာ အကန့်အသတ်နဲ့သာရောင်းချပေးနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဘန်ကောက် ခရီးစဉ်အတွင်း ဆန္ဒပြခဲ့တဲ့ ထိုင်းလွှတ်တော် အမတ်ဟာ မြန်မာပြည်သူတွေဆီက ထောက်ခံချီးကျူးတဲ့စာတွေ အများအပြား လက်ခံ ရရှိနေတယ်လို့ ဆိုပါတယ်။

သတင်း

စက်သုံးဆီဈေး ၃ပတ်ဆက်တိုက်မြင့်တက်လာပြီး ပရီမီယံဒီဇယ် တစ်လီတာ ကျပ် ၅,၀၀၀ ကျော်လာပြီလို့ ယာဉ်ပိုင်ရှင်တွေက ပြောပါတယ်။

သတင်း

စစ်တပ်က ဆီဆိုင်တွေကို ခွဲတမ်း​လျှော့

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Facebook