Connect with us

Hi, what are you looking for?

အတွေးအမြင်

အမှောင်ထုထဲက မြန်မာ့စီးပွားရေး

မြန်မာနိုင်ငံ၏ နိုင်ငံရေး နှင့် စီးပွားရေးတို့၏ လက်ရှိအခြေအနေသည် စိန်ခေါ်မှုများ ပေါင်းစုံနေသည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပါသည်။

(၂၀၂၅ မတ် ၂၈ ရက်က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး​နောက် မန္တ​လေးမြို့အနီး​ကျေးရွာမှငလျင်သင့်မိသားစုအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-Unicef )

ကိုပါဝဲလ်​ရေးသားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး နှင့် စီးပွားရေးတို့၏ လက်ရှိအခြေအနေသည် စိန်ခေါ်မှုများ ပေါင်းစုံနေသည့် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပါသည်။

မြန်မာ့စီးပွားရေးသည် လာမည့် ၂၀၃၀ ပြည့်နှစ်အထိ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အာဏာမသိမ်းမီက (၂၀၁၉ ခုနဲ့ ၂၀၂၁ ခု) အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ရုန်းကန်နေရဦးမည်ဟု Economist Intelligence Unit (EIU) အဖွဲ့ကြီးက ဧပြီလ ၂၄ ရက်က ထုတ်ပြန်လိုက်ပါသည်။

Economist Intelligence Unit (EIU) ဆိုသည်မှာ ကမ္ဘာကျော် The Economist မဂ္ဂဇင်းကို ထုတ်ဝေသည့် “The Economist Group” ၏ လက်အောက်ခံ သုတေသနနှင့် ခွဲခြမ်းစိတ်ဖြာရေးဌာန ဖြစ်ပါသည်။ ၁၉၄၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာတိုင်အောင် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးနှင့် စီးပွားရေး အခင်းအကျင်းများကို အသေးစိတ် လေ့လာဆန်းစစ်နေသည့် ထိပ်တန်းအဖွဲ့အစည်းတခု ဖြစ်ပါသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံသည် ၂၀၂၆ ခုကနေ ၂၀၃၀ ခု ကာလအတွင်း အာဆီယံဒေသတွင်း နိုင်ငံများထဲတွင် စီးပွားရေးအဆိုးရွားဆုံးနိုင်ငံ ဖြစ်လာနိုင်ခြေ ရှိနေသည်။ GDP(ပြည်တွင်းအသားတင်ထုတ်ကုန် တိုးတက်မှုနှုန်း) သည်လည်း ၂၀၂၅ ခုနှစ်တွင် ၂.၀ ရာခိုင်နှုန်း အထိ ကျဆင်းသွားနိုင်ကြောင်း EIU ခန့်မှန်းထားသည်။ နိုင်ငံ၏ ထုတ်ကုန်နှင့် စီးပွားရေးဟာ အရင်နှစ်ကထက် ပိုပြီး ကျုံ့သွားခြင်း သို့မဟုတ် စီးပွားရေး ပိုမိုဆိုးရွားသွားခြင်းကို ဆိုလိုပါသည်။

အဆိုးရွားဆုံး ရိုက်ခတ်မှုမှာ ငွေကြေးဖောင်းပွမှုပင်ဖြစ်သည်။၂၀၂၄ ခုနှစ်တွင် ဖောင်းပွမှုနှုန်း ၂၈.၆ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၂၅.၄ ရာခိုင်နှုန်း ဝန်းကျင်၌ ဆက်လက်ရှိနေဦးမည်ဖြစ်သည်။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ စကားပုံလို အီရန်စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်း မြင့်တက်လာခြင်းသည် သယ်ယူပို့ဆောင်ရေးစရိတ်မှတဆင့် ကုန်ဈေးနှုန်းများကို ပိုတက်လာစေပြီး အခြေခံလူတန်းစားများ၏ စားဝတ်နေရေးကို ထပ်ပိုးဖိစီးသလို ဖြစ်နေပါသည်။

အာဏာသိမ်းစစ်အုပ်စု၏ ဘတ်ဂျက်လက်ကျန်မှာလည်း အစဉ်တစိုက် လိုငွေပြနေပြီး GDP(ပြည်တွင်းအသားတင်ထုတ်ကုန် တိုးတက်မှုနှုန်း) ၏ ၅ ရာခိုင်နှုန်း ဝန်းကျင်တွင် ဆက်လက်ရှိနေမည် ဖြစ်သည်။ အခွန်ရရှိမှု နည်းပါးခြင်း နှင့် စစ်ရေးအသုံးစရိတ် အဆမတန် မြင့်မားနေခြင်းတို့ကြောင့် လိုငွေပြနေရခြင်းပင်ဖြစ်သည်ဟု EIU က ထောက်ပြထားပါသည်။

စစ်တပ်လက်​အောက်ခံမြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် လွတ်လပ်ခွင့်မရှိဘဲ စစ်တပ်၏ အကျိုးစီးပွားအတွက်သာ လုပ်ဆောင်နေရပြီး၊ ဘတ်ဂျက်လိုငွေပြမှုကို ငွေစက္ကူအသစ် ရိုက်နှိပ်ဖြေရှင်းနေခြင်းက ငွေကြေးဖောင်းပွမှုကို ပိုမိုဆိုးရွားစေပါသည်။

ရွေးကောက်ပွဲအတုဖြင့် သမ္မတရာထူးဇွတ်ယူခဲ့သည့်မင်းအောင်လှိုင်၏ အစိုးရသည် နိုင်ငံ၏လူမှုစီးပွားရေးထက် ၎င်းတို့ အာဏာတည်မြဲရေးကိုသာ အဓိကဦးစားပေးနေသည်ကို တွေ့ရသည်။

အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် လောင်စာဆီပြတ်လပ်မှု ကြုံတွေ့ရချိန်တွင် အရပ်သားလုပ်ငန်းရှင်များနှင့် အများပြည်သူ လိုအပ်ချက်ထက် စစ်ဘက်ဆိုင်ရာ လိုအပ်ချက်ကိုသာ ဦးစားပေး ခွဲဝေနေခြင်းသည် ထင်ရှားသည့် သာဓကတခုပင် ဖြစ်သည်။

ဤကဲ့သို့သော မူဝါဒအလွဲများသည် ဈေးကွက်စီးပွားရေးစနစ်ကိုပျက်ပြားစေပြီးပုဂ္ဂလိကကဏ္ဍ၏ ယုံကြည်မှုကို လျော့နည်းစေသည်ဟု EIU က ဖော်ပြထားပါသည်။

မြန်မာ့စီးပွားရေးကို ထပ်မံခြိမ်းခြောက်နေသည့် အဓိကအန္တရာယ် ကြီးလေးခု ရှိနေကြောင်း EIU က ဟောကိန်းထုတ်ထားပါသည်။

စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းများကို အကြီးအကျယ် ထိခိုက်စေနိုင်သည့် ကြီးမားသော သဘာဝဘေးအန္တရာယ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို ပျက်စီးစေနိုင်သည့် ငွေလဲလှယ်နှုန်း မတည်

ငြိမ်မှုများ၊ လွတ်လပ်မှု မရှိသည့် ဘဏ်လုပ်ငန်း အကျပ်အတည်းနှင့် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံသားများနှင့်လုပ်ငန်းများအပေါ် တိုက်ခိုက်မှုများ တိုးလာနိုင်ခြင်း အန္တရာယ်များ ဖြစ်ပါသည်။

ထိုအန္တရာယ် လေးခုသည် အလွန်စိုးရိမ်ရသည့် အဆင့်တွင် ရှိနေသည်ဟု သုံးသပ်ထားပါသည်။

မြန်မာနိုင်ငံသည် စီးပွားရေးအရ အလွန်ပင် ခက်ခဲသော ကာလရှည်ကို ဖြတ်သန်းရဦးမည် ဖြစ်သည်။ နောင် ၃/၄ နှစ်များအတွင်း ၂၀၁၉ ခု မတိုင်ခင် အခြေအနေကို ပြန်ရောက်ရန် မလွယ်ကူသေးကြောင်း ကိန်းဂဏန်းများက ညွှန်ပြနေပါသည်။

စနစ်ကျသော စီးပွားရေးစီမံခန့်ခွဲမှု၊ ဗဟိုဘဏ်၏ လွတ်လပ်ခွင့်နှင့် ငြိမ်းချမ်းရေးကို အခြေခံသည့်မူဝါဒများ မရှိသရွေ့ မြန်မာ့စီးပွားရေးသည် EIU ခန့်မှန်းထားသည်ထက် ပိုမိုကြာရှည်စွာ အမှောင်ထုအတွင်း ရှိနေဦးမည်ဖြစ်ပါသည်။ ။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ ထဲကထက်ဝက်ကျော်လောက်ဟာလည်း စစ်ရေးပဋိပက္ခတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး ကုန်စည်စီးဆင်းမှုနဲ့ နယ်စပ် ကုန်သွယ်ရေးတွေကို ထိခိုက်ပြတ်တောက်စေခဲ့ပါတယ်။

သတင်း

၂၀၂၃တွင်ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းမှာ ၃ ဒသမ ၇ ရာခိုင်နှုန်း၊ ဘင်္ဂလားဒေ့ရှ်က ၆ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၆ ဒသမ ၂ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၅ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု IMFကဆိုထားသည်။

သတင်း

ပြည်ပကိုထွက်ခွာပြီးအလုပ်လုပ်ကြသူတွေက မိသားစုထံ ငွေပြန်လွှဲတာတွေရှိလာပေမယ့် နိုင်ငံအတွင်းလုပ်သားနဲ့ကျွမ်းကျင်လုပ်သားရှားပါးလာနိုင်တယ်လို့ အစီရင်ခံစာမှာဖော်ပြတာတွေ့ရပါတယ်။

ဘာသာပြန်ဆောင်းပါး

တောင်တရုတ်ပင်လယ်ကို မေးတင်နေပြီး ချမ်းသူကြွယ်ဝသူတွေရဲ့ အပန်းဖြေ ကစားကွင်းလို့ ညွှန်းဆိုခံရတဲ့ ဆန်တိုနာ ကျွန်းပေါ်မှာ ဦးတေဇတို့ မိသားစု ပိုင်ဆိုင်တဲ့ အိမ်ကြီးနှစ်လုံး ရှိပါတယ်။