Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး ဝေဖန်

သံတမန်ရေး ညှိနှိုင်းမှုတွေ တိုးတက်တဲ့ အရိပ်အယောင် တစ်ခုခု ပြလာတာနဲ့ အမေရိကန်ဆီက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စစ်ရေး လှုပ်ရှားမှု တစ်ခုခုကြောင့် အခြေအနေတွေ ပြန်ယိမ်းယိုင်သွားရကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

ဓာတ်ပုံ - EPA

သံတမန်ရေး ညှိနှိုင်းမှုတွေ တိုးတက်တဲ့ အရိပ်အယောင် တစ်ခုခု ပြလာတာနဲ့ အမေရိကန်ဆီက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စစ်ရေး လှုပ်ရှားမှု တစ်ခုခုကြောင့် အခြေအနေတွေ ပြန်ယိမ်းယိုင်သွားရကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

အပစ်အခတ် ရပ်စဲထားတဲ့ နှစ်နိုင်ငံကြား မေလ ၇ ရက်နေ့တုန်းက ဟောမုဇ် ရေလက်ကြား တဝိုက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့တဲ့နောက် အဘက်စ် အာရက်ချီဆီက အခုလို မှတ်ချက်စကား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

သံတမန်ရေး နည်းလမ်းနဲ့ ဖြေရှင်းမယ့် အခြေအနေတွေ စားပွဲပေါ် ရောက်လာတိုင်း အမေရိကန်ဆီက ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ စစ်ရေး လုပ်ဆောင်ချက်တွေကို တွေ့မြင်လာရလေ့ ရှိကြောင်း၊ အီရန်ဟာ ဖိအားပေးပြီး ညှိနှိုင်းချင်တဲ့ ချဉ်းကပ်မှုတိုင်းကို လုံးဝ ဦးညွှတ်မှာ မဟုတ်ကြောင်း အာရက်ချီက လူမှုကွန်ရက် မီဒီယာ Xမှာ မေလ ၈ ရက်နေ့တုန်းက ရေးသားထားခဲ့ပါတယ်။

သံတမန်ရေးအရ အခြေအနေ ကောင်းလာတိုင်း ထထဖောက်တတ်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ ဖိအားပေးတဲ့ နည်းလမ်းတစ်ခုလား၊ ဒါမှမဟုတ် အမေရိကန် သမ္မတကို နောက်ထပ် ဘေးကျပ်နံကျပ် ဖြစ်သွားအောင် တမင် ဒုက္ခပေးနေကြတာလားလို့လည်း သူက မေးခွန်းထုတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

မေလ ၇ ရက်နေ့တုန်းက အီရန်ဟာ ဟောမုဇ်နားမှာ အမေရိကန် ဖျက်သင်္ဘော ၃ စီးကို ပစ်ခတ်ခဲ့ပြီး အမေရိကန်ကလည်း အီရန်ရဲ့ စစ်ရေး ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ရဲ့ စစ်ရေးဗဟို ကွပ်ကဲမှုဌာန (CENTCOM)က ထုတ်ပြန်ခဲ့ပါတယ်။

မေလ ၈ ရက်နေ့မှာတော့ ဟောမုဇ်နားက အမေရိကန် ရေတပ် တားဆီးပိတ်ဆို့ထားရာ ရေပြင်ကို ဖောက်ထွက်ပြီး အိုမန် ပင်လယ်ကွေ့ထဲက အီရန်ဆိပ်ကမ်း တစ်ခုဆီ ချဉ်းကပ်ဖို့ ကြိုးစားတဲ့ အီရန် ရေနံတင် သင်္ဘောနှစ်စီးကို ပစ်ခတ် တားဆီးခဲ့ကြောင်း CENTCOMက ကြေညာပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပေမယ့် ဧပြီ ၈ ရက်နေ့ ကတည်းက ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကတော့ ဆက်လက် တည်တံ့နေဆဲလို့ နှစ်နိုင်ငံလုံးက ပြောကြားထားပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်ဟာ စစ်ရပ်စဲရေး အဆိုပြုချက်တွေ အီရန်ဆီကို ပေးပို့ထားပြီး အခုသီတင်းပတ်ကုန်မှာ အကြောင်းပြန်မှု ရရှိလာမယ်လို့ မျှော်လင့်နေပါတယ်။ အမေရိကန်ရဲ့ ကမ်းလှမ်းချက်တွေဟာ အီရန်အတွက် အလေးအနက် စဉ်းစားရမယ့် အခြေအနေဖြစ်ဖို့ သူမျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောပါတယ်။

အခုသီတင်းပတ်ဟာ အီရန်-အမေရိကန် အပစ်ရပ် သဘောတူညီမှုကို ဆန်းစစ်တဲ့ ကာလတစ်ခု ဖြစ်ခဲ့ပြီး အီရန်က အမေရိကန် ဖျက်သင်္ဘောတွေကို ပစ်ခတ်ခဲ့သလို အမေရိကန်ကလည်း အီရန်ရဲ့ လက်နက် တပ်ဆင်ထားတဲ့ လှေငယ်တချို့ကို ပစ်ခတ် နှစ်မြှုပ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်ကို နောက်တစ်ကြိမ် နောက်ကောက်ချနိုင်ခဲ့ကြောင်း၊ သဘောတူညီမှု တစ်ခုခုအတွက် အီရန်က ခပ်မြန်မြန် လက်မှတ်မထိုးဘူးဆိုရင် နောက်ထပ်လည်း ပိုပြီး ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်ဖို့ အစီအစဉ်တွေ ရှိနေကြောင်း ထရမ့်က ခြိမ်းခြောက်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook