Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့ စစ်တပိုင်းအစိုးရကို လုံး၀အသိအမှတ်မပြုဟု ရှမ်းကျောင်းသားသမဂ္ဂကြေညာ

အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး အစိုးရဟုသတ်မှတ်သော မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရကို လုံးဝအသိအမှတ်မပြုကြောင်း ရှမ်း(သျှမ်း)ကျောင်းသားသမဂ္ဂက ထုတ်ပြန်ကြေညာပါတယ်။

မေ ၁၀၊ ၂၀၂၆။ထားမြတ်/People’s Spring

အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး အစိုးရဟုသတ်မှတ်သော မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရကို လုံးဝအသိအမှတ်မပြုကြောင်း ရှမ်း(သျှမ်း)ကျောင်းသားသမဂ္ဂက ထုတ်ပြန်ကြေညာပါတယ်။

သျှမ်းကျောင်းသားသမဂ္ဂ နှစ်ပတ်လည် ညီလာခံထုတ်ပြန်ကြေညာချက် ကို မေလ ၉ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး အခုလို အသိပေးခဲ့တာဖြစ်ပါတယ်။ သုံးရက်ကြာ ကျင်းပခဲ့တဲ့ နှစ်ပတ်လည် စုံညီအစည်းအဝေးမှာ လက်ရှိဖြစ်ပျက် နေသော နိုင်ငံရေး၊ တော်လှန်ရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးတိုင်ပင်ခဲ့ပြီး ဆုံးဖြတ်ချက်၊ တောင်းဆိုချက်တွေ ချမျတ်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

ဆုံးဖြတ်ချက်တွေထဲမှာ စစ်အာဏာရှင်စနစ်၊ နယ်ချဲ့ကျူးကျော်အရင်းရှင်စနစ်ကို အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ပြီး အဲဒီစနစ်တွေ ချုပ်ငြိမ်းရေး ကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် နည်းမျိုးစုံဖြင့်အတိဒုက္ခရောက်နေကြသော အဖိနှိပ်ခံ ရှမ်းလူထုတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်မယ်လို့ ဆိုပါတယ်။

လက်ရှိသျှမ်းတော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းများမှ တည်ဆောက်လုပ်ကိုင်နေသော ဒေသန္တရ အုပ်ချုပ်ရေးစနစ် (Local Goverance )များကို ထောက်ခံပြီး ပူးပေါင်းပါဝင်ကူညီသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ရှမ်းလူထုလက်ရှိကြုံတွေ့နေရသော နိုင်ငံရေး၊တော်လှန်ရေးအခက်အခဲများကိုအဖြေရှာနိုင်ဖို့ သက်ဆိုင်သူအားလုံးပါဝင်သော ရှမ်းအမျိုးသားညီလာခံတစ်ခုပေါ်ပေါက်လာရေးနဲ့ အဲဒီ ညီလာခံကနေ ရှမ်းအမျိုးသားအကျိုးစီးပွားကို ရှေ့ရှုသော ၊ရှမ်းအမျိုးသားနိုင်ငံရေးလမ်းစဉ်နဲ့ ပန်းတိုင်ကို ချမှတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် င့်ဘုံရည်မှန်းချက်ပန်းတိုင်တူညီသော မည်သည့် အဖွဲ့အစည်းနဲ့ မဆို ဆက်လက် ပူးပေါင်းသွားမယ်လို့လည်း ရှမ်းကျောင်းသားသမဂ္ဂက ထုတ်ပြန်ပါတယ်။

ရှမ်းကျောင်းသားလူငယ်တွေက အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြု စစ်အာဏာရှင်ချုပ်ငြိမ်းရေး တိုက်ပွဲဝင်သွားမယ်၊ ရှမ်းလူထုတွေနဲ့အတူ ရပ်တည်တိုက်ပွဲဝင်မယ်လို့ ကြေညာချက်ထုတ် ထုတ်ပြန်နေပေမယ့် အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ခြင်းမရှိတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)တို့ ဟာ နှုတ်ဆိတ်လျက်ရှိပါတယ်။

ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့ တန်းတူရေး၊ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘ၀ လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပေမယ့် လက်ရှိမျာ ရှမ်းလူထုတွေ မတရားဖိနှိပ်အနိုင်ကျင့်ခံနေရတာကို သိမြင်နေလျက် မည်သည့် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းကမှ ထိရောက်သော ကာကွယ်စောင့်ရှောက်မှုတွေ ပေးနိုင်ခြင်းမရှိဘဲ ရှမ်းလူထုအပေါ် အဓိကကျသော တာဝန်တွေ ပျက်ကွက်လစ်ဟင်းနေတာ မဖြစ်သင့်ကြောင်း မတ်လ ၁ရက်က ထုတ်ပြန်ခဲ့တဲ့ ရှမ်းလူငယ်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

Facebook