Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်က စစ်ဘေး‌ဒဏ်သင့်ပြည်သူတွေကိုထောက်ပံ့မယ့် ရောင်နီ အဖွဲ့ရဲ့ ဖျော်ဖြေပွဲ

ကချင်ပြည်နယ်ကစစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေကို ထောက်ပံ့ဖို့ရည်ရွယ်တဲ့ ဖျော်ဖြေပွဲကို ဇူလိုင် ၄ ရက်မှာ အမေရိကန်နိုင်ငံ Texas ပြည်နယ်မှာပြုလုပ်မယ်လို့ Kagabuland Network ကအသိပေးထားပါတယ်။

မေ-၁၃၊၂၀၂၆။ဆဏ်း/People’s Spring

ကချင်ပြည်နယ်ကစစ်ဘေးဒဏ်ခံနေရတဲ့ ပြည်သူတွေကို ထောက်ပံ့ဖို့ရည်ရွယ်တဲ့ ဖျော်ဖြေပွဲကို ဇူလိုင် ၄ ရက်မှာ အမေရိကန်နိုင်ငံ Texas ပြည်နယ်မှာပြုလုပ်မယ်လို့ Kagabuland Network ကအသိပေးထားပါတယ်။

ဒီပွဲမှာ လင်းလင်း ၊ ချစ်သုဝေတို့နဲ့အတူ ခါရာ ၊ Mark Jason နဲ့ တိုင်းရင်းသားအဆိုတော်တွေ ပါဝင်ဖျော်‌ဖြေမယ်လို့ ကြေညာထားပါတယ်။

ဒီပွဲလက်မှတ်တွေ ဒေါ်လာ ၅၀ ၊ ၇၅ နဲ့ ၁၀၀ စတဲ့ဈေးနှူန်း တွေနဲ့ရောင်းချပေးနေတာဖြစ်ပြီး မြန်မာနိုင်ငံသားတွေ လာရောက်အားပေးဖို့ ဖိတ်ခေါ်ထားပါတယ်။

Public Service Announcement

Public Service Announcement

“မနောမြေမှ တော်လှန်သွေးချင်းတွေ ဂီတပွဲကို live ကြည့်နိုင်အောင်လည်း စီစဉ်နေပါတယ်

ကျေးဂျူးကမ္ဘာဆိုင်” လို့ Kagabuland Network က ကြေညာထားပါတယ်။

လင်းလင်း နဲ့ ချစ်သုဝေ တို့ က ၂၀၂၅ ဧပြီကနေ နိုဝင်ဘာအတွင်း ရောင်နီ ဖျော်ဖြေပွဲတွေကို သူတို့ကိုယ်တိုင်ဦးစီးကာ ပြုလုပ်ခဲ့ပြီး ပွဲတွေကနေ ရရှိလာတဲ့ ငွေတွေကို မြေပြင်ကို တိုက်ရိုက်ထောက်ပို့ကူညီခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီ့ဖျော်ဖြေပွဲတွေ နောက်ပိုင်းမှာတော့ ပွဲတွေကို ကိုယ်တိုင်မစီစဉ်တော့ပဲ တိုင်းရင်းသားတွေ စီစဉ်တဲ့ ပွဲတွေမှာ အသံ နဲ့ အတီးပိုင်းတွေ ကို အနုပညာကြေးမယူပဲ ဆက်လက်ပါဝင်သွားမယ်လို့ လင်းလင်းက အသိပေးထားပါတယ်။

တိုင်းရင်းသားတွေစီစဉ်တဲ့ပွဲ အနေနဲ့ ချင်းလူမျိုး မိသားစုတွေ ပူးပေါင်းစီစဉ်တဲ့We For All Tour – Indianapolis ပွဲကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ က ပြုလုပ်ခဲ့ပါတယ်။

‌လာမယ့် ဇွန် ၂၇ ရက်မှာလည်း Houstan Family ကပြုလုပ်တဲ့ ပညာရေး ၊ ကျန်းမာရေးနှင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတတ်ရေး ရန်ပုံငွေပွဲမှာလင်းလင်း ၊ချစ်သုဝေ၊ ခါရာ နဲ့ Mark Jason တို့ပါဝင်ဖျော်ဖြေမယ်လို့ကြေညာထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။