Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်တပ်က ၄ရက်ဆက် ဗုံးကြဲ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က မေလ ၁၁ရက်ညပိုင်းကနေ စပြီး ဒီကနေ့ မေလ ၁၄ရက်အထိ ၄ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

(မေလ ၁၃ရက်မှာ စစ်တပ်က မင်းတပ်မြို့တနေရာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - Ĥkl Mindat/FB)

မေ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က မေလ ၁၁ရက်ညပိုင်းကနေ စပြီး ဒီကနေ့ မေလ ၁၄ရက်အထိ ၄ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မင်းတပ်မြို့နယ်ကို ချင်းတောင်ပိုင်းက ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ CDF မတူပီနဲ့ CDF ဒိုင်ရ် တို့ဖွဲ့စည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ထိန်းချုပ်ထားတာ ဖြစ်ပြီး စစ်ကောင်စီတပ်က မြေပြင်က ထိုးစစ်မဆင်နိုင်သေးတဲ့ အခြေအနေမှာ လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မေလ ၁၄ရက် မွန်းလွဲပိုင်းမှာ မင်းတပ်မြို့အနီး တနေရာကို လေကြောင်း တိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့သလို မေလ ၁၃ရက်ကလည်း မင်းတပ်မြို့ပေါ် တနေရာကို ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မေလ ၁၂ရက်မှာ မင်းတပ်မြို့ကို လေကြောင်း ဗုံးကြဲမှု ၉ကြိမ် ပြုလုပ်ခဲ့သလို မေလ ၁၁ရက် ညသန်းခေါင်မှာ လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့ပါတယ်။

မေလ ၁၁ရက်နဲ့ ၁၂ရက်မှာလည်း လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်သုံ့ပန်းတွေ အပါအဝင် သေဆုံးထိခိုက်မှုတွေ ရှိကြောင်း CPU/CPAက အသိပေးထားပေမယ့် မနေ့နဲ့ ဒီကနေ့ တိုက်ခိုက်ခံရမှု အခြေအနေတွေကို စုံစမ်းမေးမြန်းထားဆဲဖြစ်ပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို လေကြောင်းကနေ ဗုံးကြဲနေသလို အဲဒီ မြို့နယ်တွေနဲ့ ဆက်စပ်နေတဲ့ ဆောမြို့နယ်အပါအဝင် ယောဒေသ ကို စစ်အင်အားဖြည့်တင်းတာ ၊ လေကြောင်း တိုက်ခိုက်တာတွေကို အခုရက်ပိုင်းမှာ တပြိုင်တည်း လုပ်ဆောင်လျက်ရှိပါတယ်။

စစ်တပ်က ပြင်ဆင်မှုတွေအရ ဒေသတွင်းမှာ စစ်ရေးထိတွေ့မှုတွေ စစ်ရေးလှုပ်ရှားမှုတွေ ပိုများလာဖို့ရှိတယ်လို့ ချင်းတောင်ပိုင်း တော်လှန်ရေး တပ်ဖွဲ့ သတင်းရင်းမြစ်က ဒီကနေ့ ညပိုင်းမှာ ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ပြည်သူတွေ လူစုလူဝေး ရှောင်ဖို့ ဗုံးခိုကျင်း ကတုတ်ကျင်းတွေ အဆင်သင့် ထားရှိဖို့ လေကြောင်း သတိရှိဖို့ နားစွန့်ဖို့ ချင်းပြည်သူ့အစည်းအရုံးနဲ့ ဒေသခံတွေက နှိုးဆော်ထားပါတယ်။

” ယခုရက်ပိုင်း စကစအုပ်စုက အငြိုးတကြီးနဲ့ လုပ်နေပါတယ်။ ခါတိုင်းထက်ပိုဂရုစိုက်ကြပါ။အမြဲနားစွံ့ကြပါ။ လေကြောင်း အတက်တွေကိုတယ်ရီဂရမ်ချယ်နယ်တွေမှာ စောင့်ကြည့်ကြပါ။ လေကြောင်းအော်ပေးတဲ့ icom တွေကိုဂရုတစိုက်ထားကြပါ”လို့ မင်းတပ်နဲ့ ဒေသတွင်း သတင်းတွေကို လူမှုကွန်ရက်မှာ ဖော်ပြပေးနေတဲ့ သတင်းရင်းမြစ်က မေလ ၁၂ရက်မှာ ပြည်သူတွေ လေကြောင်း သတိရှိဖို့ နှိုးဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။